အဓိကပြည်နယ်တွေမှာ Obama နဲ့ Romney အကြိတ်အနယ် မဲဆွယ်

President Barack Obama နဲ့ ပြိုင်ဖက်Republican presidential candidate, former Massachusetts Gov. Mitt Romney

အမေရိကန်ပြည်ထောင်စုရဲ့ နောက်လာမယ့် ၄ နှစ်တာကာလမှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ဖို့ ရွေးချယ်မယ့်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက်ကို
ရောက်ရှိခဲ့ပါပြီ။ သမ္မတလောင်း ၂ ဦးစလုံးဟာ တနင်္လာနေ့မှာ ပြည်နယ်တွေတော်တော်များများကို သွားရောက် မဲဆွယ်နေကြပါတယ်။ ကြိုတင်မဲစစ်တမ်းတွေအရကတော့ ၂ ဦးစလုံး သူမသာ ကိုယ်မသာ အနေအထားမျိုးမှာရှိပါတယ်။ သမ္မတလောင်းတွေအပေါ် ထောက်ခံသူတွေ အနေအထားဟာ အဓိကကျတဲ့ Ohio၊ Florida၊ Wisconsin၊ Virginia၊ Colorado ၊ Iowa စတဲ့ ပြည်နယ်တွေမှာ ကွာခြားမှုသိပ်မရှိတာကိုတွေ့ရပါတယ်။

လက်ရှိသမ္မတ Obama ဟာ တနင်္လာနေ့မှာ Wisconsin၊ Iowa နဲ့ Ohio ပြည်နယ်တွေ ကို ပြန်လည်သွားရောက်ပြီး မဲဆွယ်မှုတွေပြုလုပ်ပြီးတဲ့နောက် သူနေထိုင်ရာ illinois ပြည်နယ် Chicagoမြို့ကို ထွက်ခွာ သွားပါတယ်။ရွေးကောက်ပွဲကျင်းပတဲ့ အင်္ဂါနေ့တနေ့လုံး မစ္စတာအိုဘားမားဟာ Chicagoမြို့မှာ ရှိနေမှာ ဖြစ်ပါတယ်။

Republican ပါတီ သမ္မတလောင်း မစ္စတာ Romney ကတော့ တနင်္လာနေ့ စောစောပိုင်း Florida ပြည်နယ်မှာ မဲဆွယ် စည်းရုံးမှု ပြုလုပ်ပြီး Virginia၊ Ohio နဲ့ New Hampshire ပြည်နယ်တွေကို သွားရောက်ပါလိမ့်မယ်။ ရွေးကောက်ပွဲနေ့မှာ တော့ မစ္စတာ Romneyဟာ သူနေထိုင်ရာ Massachusetts ပြည်နယ်မှာရှိနေမှာဖြစ်ပါတယ်။