အမေရိကန်ပြည်ထောင်စုမှာ ဆောင်းရာသီ စံချိန်တင် အအေးဒဏ် လွန်ကဲမှုကြောင့် ဒီသီတင်းပတ်ထဲ သေဆုံးသူအနည်းဆုံး ၁၁ ဦးရှိသွားပြီဖြစ်ပါတယ်။ ဒီအအေးဒဏ်ဟာ မိနစ်ပိုင်းအတွင်း frostbite အသားပုတ်ကြွေကျတဲ့အထိ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီလို အလွန်အေးတဲ့ ရာသီဥတု အခြေအနေမှာ အိုင်အိုဝါမြို့မှာရှိတဲ့ အိုင်အိုဝါတက္ကသိုလ်မှာ ကျောင်းသားတယောက် ကျောင်းရဲ့ အဆောက်အဦး အနောက်မှာ အအေးဒဏ်လွန်ကဲမှု ခံနေရတာကို တွေ့ရှိခဲ့ရပြီးနောက်ပိုင်း တက္ကသိုလ်အတန်းတွေကို ပိတ်လိုက်ပါတယ်။ ဒီကျောင်းသားကို ရေခဲမှတ်အောက် ၄၆ ဒီဂရီ Celsius ပြင်းထန်တဲ့လေအေးတိုက်ခတ်ချိန်မှာ တွေ့ရှိခဲ့ရပြီး သူဟာ နောက်ပိုင်း ဆေးရုံမှာ သေဆုံးသွားပါတယ်။
အီလီနွိုင်းပြည်နယ်ရဲ့ Moline မြို့မှာ ကြာသပတေးနေ့က ရေခဲမှတ်အောက် ၃၆ ဒီဂရီ Celsius ထိ ကျဆင်းသွားပါတယ်။ Minnesota ပြည်နယ် Norris Camp မြို့မှာတော့ ဗုဒ္ဓဟူးနေ့က ရေခဲမှတ်အောက် ၄၄ ဒီဂရီ Celsius အထိ ကျဆင်းသွားပါတယ်။
စာပို့လုပ်ငန်းတွေအပြင် လေယာဉ်ခရီးစဉ်၊ ရထားခရီးစဉ်တွေနဲ့ ဘတ်စ်ကား ပြေးဆွဲမှုတွေကတော့ ပြီးခဲ့တဲ့ ၂ ရက်အကြာ ကတည်းက ဆိုင်းငံ့ထားပါတယ်။ Detroit မြို့မှာတော့ အလုပ်သမားတွေကို အအေးဒဏ်က ကာကွယ်ပေးဖို့နဲ့ လောင်စာစွမ်းအင် ခြိုးခြံနိုင်ဖို့ အတွက် မော်တော်ကား စက်ရုံတွေကို ပိတ်ထားလိုက်ပါတယ်။
Your browser doesn’t support HTML5