အောက်လွှတ်တော် ရီပတ်ပလင်ကန် လူများစု ခေါင်းဆောင်သစ် ရွေး

အမေရိကန် အောက်လွှတ်တော်ရဲ့ ရီပတ်ပလင်ကန် လူများစုခေါင်းဆောင်အဖြစ် ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော် အမတ် Kevin McCarthy ကွန်ကရက်လွှတ်တော်တွင် မိန့်ခွန်းပြော။ (ဇွန် ၁၉၊ ၂၀၁၄)

အမေရိကန် အောက်လွှတ်တော်ရဲ့ ရီပတ်ပလင်ကန် လူများစုခေါင်းဆောင်အဖြစ် ကယ်လီဖိုးနီးယားပြည်နယ်အောက်လွှတ်တော် အမတ် Kevin McCarthy ကို ရီပတ်ပလင်ကန် အောက်လွှတ်တော် အမတ်တွေက ရွေးချယ်လိုက် ပါတယ်။ အောက်လွှတ်တော် အမတ် Kevin McCarty ဟာ ပါတီတွင်း ရွေးကောက်ပွဲမှာ ကြာသာပတေးနေ့က အနိုင်ရခဲ့တာဖြစ်ပါတယ်။

အသက် ၄၉ နှစ်ရှိပြီဖြစ်တဲ့ McCarthy ဟာ အောက်လွှတ်တော်ရဲ့ ရီပတ်ပလင်ကန် လူများစုခေါင်းဆောင် အဖြစ် အရွေးခံလိုက်ရတာကြောင့် အောက်လွှတ်တော်ဥက္ကဋ္ဌ John Boehner ပြီးရင် ရီပတ်ပလင်ကန် ဒုတိယခေါင်းဆောင်ဖြစ်လာပါတယ်။

သူ့နေရာ ရီပတ်ပလင်ကန် ပါတီ majority whip ပါတီစည်းကမ်း ထိန်းသိမ်းရေးမှူး နေရာကိုတော့ Louisiana အောက်လွှတ်တော်အမတ် Steve Scalise ကို အစားထိုးလိုက်ပါတယ်။ The whip နေရာကတော့ ရီပတ်ပလင်ပါတီ ရဲ့ တတိယရာထူး အကြီးဆုံးနေရာဖြစ်ပါတယ်။