အီရန်ငလျှင်ဒုက္ခသည်တွေကို အမေရိကန်ကူညီမည်

Iran Earquake Aug 12, 2012

Iran Earquake Aug 12, 2012

အမေရိကန်ပြည်ထောင်စုက အီရန် ငလျင်ဘေးဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ကမ်းလှမ်းလိုက်ပြီး၊ သေဆုံးသူတွေအတွက် ဝမ်းနည်းပါကြောင်း အီရန်ပြည်သူတွေကို အမှာစကားပါးလိုက်ပါတယ်။ ဒီလို သဘာ၀ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်ပြည်ထောင်စုက အီရန်ပြည်သူတွေနဲ့အတူ ရပ်တည်နေသလို အထောက်အပံ့တွေပေးဖို့ အဆင်သင့်ရှိပါကြောင်း အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာဖော်ပြလိုက်ပေမဲ့ အီရန်အစိုးရကိုတော့ ထည့်သွင်း ဖော်ပြထားခြင်းမရှိပါဘူး။

အီရန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင် ၂ ကြိမ်လှုပ်ခဲ့လို့ လူ ၂၅၀ ထက်မနည်းသေဆုံးပြီး ၂၆၀၀ နီးပါး ဒဏ်ရာရခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျနေတဲ့ အဆောက်အဦးတွေထဲ ပိတ်မိနေသူတွေကို ရှာဖွေ နေကြဆဲဖြစ်ပါတယ်။

စနေနေ့ညနေပိုင်းက ပြင်းအား ၆.၄ နဲ့ ၆.၃ ရှိတဲ့ ငလျင် ၂ ကြိမ်လှုပ်ခဲ့လို့ Tabriz မြို့အနီးက ရွာအတော်များများ ပျက်စီးခဲ့ရပါတယ်။ ငလျင်အရှိန်နဲ့ တုန်ခါမှုတွေ ဆက်တိုက် ရှိခဲ့တာကြောင့် ထောင်သောင်းချီတဲ့ ဒေသခံတွေ တညလုံး အိမ်ပြင်ထွက်နေခဲ့ကြရပါတယ်။

လခြမ်းနီ ကြက်ခြေနီအဖွဲ့က ငလျင်ဒုက္ခသည်တွေအတွက် အရေးပေါ် ရွက်ဖျဉ်တဲတွေနဲ့ ကယ်ဆယ်ရေးပစ္စည်း တွေဖြန့်ေ၀ ပေးနေပါတယ်။ ၂၀၀၃ ခုနှစ်ကလည်း အီရန်နိုင်ငံ အရှေ့တောင်ပိုင်း Bam မြို့ဟောင်းမှာ ၆.၆ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခဲ့လို့ လူပေါင်း ၃ သောင်းသေဆုံးခဲ့ရပါတယ်။