အမေရိကန်ရွေးကောက်ပွဲအပြီး မြန်မာ-အမေရိကန် ဆက်ဆံရေးမူဝါဒ အပြောင်းအလဲမရှိနိုင်

အမေရိကန်သံအမတ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း။

အမေရိကန်ရွေးကောက်ပွဲအပြီး မြန်မာ-အမေရိကန်ဆက်ဆံရေးမူဝါဒ အပြောင်းအလဲမရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marcial က ဗွီအိုအေမြန်မာပိုင်းနဲ့သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောဆိုလိုက်ပါတယ်။

ကိုသားညွန့်ဦး။ ။ အခုလာမယ့် နိုဝင်ဘာလမှာ အမေရိကန်ရွေးကောက်ပွဲ ကျင်းပမှာပါ။ အဲဒီတော့ လာမယ့်၂၀၁၇ အစိုးရသစ်တက်လာတဲ့ အခါမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်မူဝါဒအပြောင်းအလဲ ကြီးကြီးမားမားဖြစ် လာနိုင်စရာရှိပါသလား။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ ဒီအချိန်မှာတော့ အမေရိကန်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျနော်အနေနဲ့ မှတ်ချက်ပေးပြောဆိုဖို့ ခက်ခဲပါသေးတယ်။ အခုချိန်မှာ ဒါက တကယ့်ကို နိုင်ငံရေးကိစ္စကြီးဖြစ်နေပြီးတော့ အခုမှ ပါတီညီလာခံတွေ လုပ်နေကြတာပါ။ သမ္မတ ကိုယ်စားလှယ်လောင်းတွေ ဖက်က ဘယ်လို သဘောထားရှိမယ် ဘာလုပ်မယ်ဆိုတာ ကျနော်အနေ နဲ့ ပြောလို့မရပါဘူး။ ပြောလို့ရတာတခုကတော့ အာရှဒေသနဲ့ အပြည့်အ၀ ထိစပ် ဆက်ဆံသွားဖို့၊ မြန်မာနဲ့ ဆက်လက် ထိစပ်ဆက်ဆံဆောင်ရွက်သွားဖို့ဆိုတာဟာ အမေရိကန်ပြည်ထောင်စုက ပါတီကြီးနှစ်ရပ်စလုံးရဲ့ မူဝါဒဖြစ်ပါတယ်။ ဒါကြောင့် သမ္မတသစ် တက်လာရင်တော့ ဒီမူဝါဒအတိုင်းပဲ ဆက်ရှိနေမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲအပြီး မြန်မာ-အမေရိကန်ဆက်ဆံရေးမူဝါဒ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scott Marcial က ဗွီအိုအေမြန်မာပိုင်းနဲ့သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောဆိုလိုက်တာပါ။

Your browser doesn’t support HTML5

အမေရိကန်ရွေးကောက်ပွဲအပြီး မြန်မာ-အမေရိကန် ဆက်ဆံရေးမူဝါဒ အပြောင်းအလဲမရှိနိုင်