အမေရိကန်သမ္မတလောင်း ၂ ဦး နောက်ဆုံးစကားစစ်

အမေရိကန်သမ္မတလောင်းရွေးပွဲ တတိယအကျော့ စကားစစ်ထိုးပွဲမှ သမ္မတအိုဘားမား။

အမေရိကန်သမ္မတလောင်းနှစ်ဦးရဲ့ တတိယနဲ့နောက်ဆုံးအကျော့ စကားစစ်ထိုးပွဲမှာတော့ နိုင်ငံခြားရေး ရာ မူဝါဒတွေကို အဓိကထားပြိုင်ဆိုင်ပြောဆိုခဲ့ကြပါတယ်။ အဲဒီမှာ သမ္မတအိုဘားမားက အထူးသဖြင့် တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ပြောခဲ့တဲ့စကားတခွန်းကို လူတိုင်း အံ့အားသင့်ခဲ့ရပါတယ်။ ဘယ်အချက်က လူတွေကို အံ့အားသင့်စရာဖြစ်နေခဲ့ပါသလဲ။ ဒီတပတ်ရဲ့ အမေရိကန် နိုင်ငံရေးအကြောင်း သိကောင်း စရာမှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက မဆုမွန်နဲ့အတူ သုံးသပ်တင်ပြပေးထားပါတယ်။