ဒီမိုကရက်သမ္မတလောင်း ကလင်တန် အပေါ် လူထုထောက်ခံမှုတိုး

Campaign 2016 Clinton: Democratic presidential candidate Hillary Clinton speaks at a campaign rally, Monday, Aug. 15, 2016, in Scranton, Pa.

အမေရိကန်သမ္မတရွေးကောက်ပွဲတွေကျင်းပဖို့ ၃ လနီးပါးလိုသေးပေမယ့် Democrat သမ္မတလာင်း Hillary Clinton ဟာ Republican သမ္မတလောင်း Donald Trump ကိုအနိုင်ရနိုင်ခြေ ၈၀% ရှိတယ်လို့နိုင်ငံရေး သုံးသပ်သူတော်တော်များများက ပြောနေကြပါတယ်။

နိုင်ငံတဝန်းကောက်ခံတဲ့ လူထုသဘောထား စစ်တမ်းမှာ Clinton က ၇% နဲ့ ပုံမှန်အသာစီးရနေတဲ့အပြင် သမ္မတအနိုင်အရှုံးကို အဆုံးအဖြတ်ပေးမှာမို့ အကြိတ်အနယ် ပြိုင်ဆိုင်ရမယ့် ပြည်နယ်တွေမှာလဲ သူ့အပေါ်ထောက်ခံမှု ပိုများနေပါတယ်။ ပြီးခဲ့တဲ့သမ္မတရွေးကောက်ပွဲတွေမှာ အမေရိကန် ပြည်နယ် ၄၀ လောက်က Democrat ဒါမှမဟုတ် Republican တွေ ကို ပြတ်ပြတ်သား သား ထောက်ခံခဲ့ကြပေမယ့် ပြည်နယ် ၁၀ ခုလောက်ကတော့ သမ္မတလောင်း ဒါမှမဟုတ် မဲဆွယ်တဲ့ကိစ္စတွေအပေါ်မူတည်ပြီး မဲပေးရွေးချယ်ကြတာပါ။

ဒါကြောင့် မဲရဖို့ အကြိတ်အနယ်ပြိုင်ဆိုင်ရမယ့် ပြည်နယ်မျိုးတွေမှာ Hillary Clinton က သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ 538 မဲမှာ လိုအပ်တဲ့မဲ 270 ဒါမှမဟုတ် ဒီ့ထက် ပိုပြီး ရရှိထားတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ပြောပါတယ်။ နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲမတိုင်ခင် သမ္မတလောင်း ၂ ယောက်အတွက် မဲဆွယ်စည်းရုံးချိန် သီတင်း ၁၂ ပါတ်အချိန်ကျန်ပါသေးတယ်။ ရှေ့လ စက်တင်ဘာလ နဲ့ အောက် တိုဘာလတွေကျရင် Clinton နဲ့ Trump ကြား အခြေအတင် စကားစစ်ထိုးပွဲ ၃ ခုလုပ်ဖို့ အစီအစဉ်ရှိပြီး။ အဲဒီစကား စစ်ထိုးပွဲတွေကနေလဲ သူတို့အပေါ် အများထောက်ခံမှု ပြောင်းလဲသွားနိုင်ပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရက်သမ္မတလောင်း ကလင်တန် အပေါ် လူထုထောက်ခံမှုတိုး