အမေရိကန်သမ္မတလောင်းတွေဖြစ်ကြတဲ့ ရီပတ်ဘလစ်ကန်ပါတီက Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက Hillary Clinton တို့ဟာ IS စစ်သွေးကြွတွေကို ချေမှုန်းနိုင်စွမ်း မရှိတဲ့သူအဖြစ် အင်္ဂါနေ့က တယောက်နဲ့တယောက် အပြန်အလှန် တိုက်ခိုက် ပြောဆိုလိုက်ကြပါတယ်။
အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီးအဖြစ်ကနေ ပထမဆုံးအကြိမ် အစိုးရတာဝန်ယူဖို့ ကြိုးပမ်းနေတဲ့ Donald Trump ကတော့ - ပြိုင်ဘက်ဖြစ်တဲ့ Hillary Clinton ဟာ အကြမ်းဖက်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုတွေကို လျစ်လျူရှု အလေးမထားတဲ့ အဆင့်တဆင့်အထိ ရောက်ခဲ့တယ်ဆိုတာကို ပြသနေပြီး - သမ္မတတာဝန်နဲ့ မထိုက်တန်ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ကတော့ - Trump ရဲ့ မူဆလင်ဆန့်ကျင်ရေးပြောဆိုမှုတွေကြောင့် အကြမ်းဖက်ဝါဒီတွေအတွက် လူသစ်စုဆောင်းပေးတဲ့ တပ်ကြပ်ကြီးတယောက်လို ဖြစ်လာနေပြီလို့ တနင်္လာနေ့ကပဲ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် သမ္မတလောင်းတွေရဲ့ ပထမဆုံး စကားစစ်ထိုးပွဲမှာတော့ - အကြောင်းအရာ ၃ ခုကို ဆွေးနွေးမှာဖြစ်တယ် လို့လည်း စကားစစ်ထိုးပွဲမှာ အခမ်းအနားမှူးလုပ်မယ့် ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ အမေရိကန်ရဲ့ ဦးတည်ရာလမ်းကြောင်း၊ သာယာဝပြောအောင် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာနဲ့ အမေရိကန်ဘေးကင်းလုံခြုံရေး စတဲ့ ခေါင်းစဉ် ၃ ခုကို တခုချင်းအလိုက် ၁၅ မိနစ်စာ နှစ်ပိုင်းစီခွဲပြီး အခြေအတင် ဆွေးနွေးကြရမှာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5