ဒီမိုကရက်ကိုယ်စားလှယ်တွေရဲ့ သမ္မတလောင်းမဲဆွယ်ပွဲ

ဒီမိုကရက်ပါတီသမ္မတလောင်း နေရာယှဉ်ပြိုင်နေတဲ့ Sanders

အင်္ဂါနေ့ကျရင် Oregon ပြည်နယ်နဲ့ Kentucky ပြည်အတွင်း ကျင်းပမယ့် ဒီမိုကရက်ပါတီသမ္မတလောင်း ပဏာမ ရွေးချယ်ပွဲမှာ အနိုင်ရဖို့အတွက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton တို့ဟာ စီးပွားရေးနဲ့ ပတ်သက်တဲ့ သူတို့သဘောထားတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

“ဒါဟာ ကျနော်တို့ မဲဆွယ်စည်းရုံးရတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကို မင်းတို့၊ ငါတို့ဖြစ်ချင်တဲ့ တိုင်းပြည်မျိုးဖြစ်အောင် ဖန်တီးယူလို့ရတယ်ဆိုတာကို ပြသဖို့ဖြစ်တယ်။” လို့ Benie Senders ကပြောသွားတာပါ။

တနင်္ဂနွေနေ့တုန်းက Kentucky ပြည်နယ်မှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးမှုအတွင်း ဒီမိုကရက်ပါတီ ကိုယ်စားလှယ်လောင်း နှစ်ယောက်စလုံးဟာ သိပ်ပြီးမကွာလှတဲ့ ခေါင်းစဉ်တွေဖြစ်တဲ့ အမျိုးသမီး - အမျိုးသား တန်းတူလုပ်အားခ ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအာမခံချက်နဲ့ အားလုံးပညာသင်ကြားခွင့်ရရေး စတဲ့အကြောင်းအရာတွေနဲ့ မဲဆွယ်စည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီက ရှေ့ကပြေးနေတဲ့ Hillary Clinton ကတော့ Republican ပါတီဘက် သမ္မတလောင်း ဖြစ်ဖို့သေခြာသလောက်ရှိနေတဲ့ Donald Trump ဘက်ကို ပိုပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။ Donald Trump နဲ့ ပတ်သက်တဲ့ Clinton ရဲ့ ဝေဖန်မှုတခုကတော့ Donald Trump နဲ့ပတ်သက်ပြီး ကြားသိရတာတွေဟာ စိတ်အနှောင့်အယှက် ဖြစ်ယုံတင်မကပဲ သူဟာ အန္တရာယ်ရှိတယ်လို့ Clinton က ပြောပါတယ်။ Oregon ပြည်နယ်က ကိုယ်စားလှယ်ပေါင်း ၇၄ ဦးရှိပြီး Kentucky ပြည်နယ်မှာတော့ ကိုယ်စားလှယ်ပေါင်း ၆၁ ဦးရှိပါတယ်။ ဒီမိုကရက်ပါတီရဲ့ စနစ်အရ Clinton နဲ့ Sanders နှစ်ယောက်စလုံးဟာ သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းနိုင်ဖို့ ကိုယ်စားလှယ်အရေအတွက် ၂၃၈၃ ယောက် ရဖို့လိုအပ်ပါတယ်။ လောလောဆယ်တော့ Clinton က ကိုယ်စားလှယ်အရေအတွက် ၂၂၄၀ ရရှိထားပြီး Sanders ကတော့ ၁၄၃၃ ယောက်ရရှိထားပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ရွေးချယ်ပွဲ

Your browser doesn’t support HTML5

ဒီမိုကရက်ကိုယ်စားလှယ်တွေရဲ့ သမ္မတလောင်းမဲဆွယ်ပွဲ