ယူကရိန်း ဒရုန်းတိုက်ခိုက်မှု ရုရှား ရေနံစက်ရုံ မီးလောင်
Your browser doesn’t support HTML5
ရုရှား အနောက်တောင်ပိုင်း Rostov ဒေသမှာ ဒီကနေ့ အစောပိုင်း ယူကရိန်းက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရေနံစက်ရုံတရုံ မီးလောင်သွားခဲ့တယ်လို့ ရုရှားအစိုးရအရာရှိတွေက ပြောပါတယ်။ နယ်စပ်ယူကရိန်းတပ်ဖွဲ့တွေရဲ့ အခုနောက်ဆုံး ဒီတိုက်ခိုက်မှုက ရုရှားနိုင်ငံထဲ အဝေးဆုံးကို ရောက်တဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။