မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေ းတိုးတက်မှုတွေ မရှိလို့ဆိုပြီး စစ်အစိုးရတွေ လက်ထက်ကစလို့ ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ တဖြေးဖြေး လျှော့ပေး လာပေမဲ့ ပစ်မှတ်ထားဒဏ်ခတ်မှုတချို့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်တဲ့ လုပ်ရပ်တွေ၊ အာဏာပိုင်တွေနဲ့ပေါင်းပြီး စီးပွားဖြစ်ကြတဲ့သူတွေအပေါ် ပစ်မှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကို ဆက်လက် ထားရှိသင့်သလား၊ ပြန်လည်သင့်မြတ်ရေး ရှေ့ရှုပြီး ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးသင့်သလား၊ ဆိုတာကို အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
Your browser doesn’t support HTML5