အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အာကာသ ခရီးသွားယာဉ်တစီး အာကာသထဲကို စမ်းသပ်ပျံသန်းမှုအဖြစ် မနေ့က ထွက်ခွါသွားခဲ့ပါတယ်။ ဒီခရီးသည်တင်အာကာသယာဉ်ဟာ အရပ်သူအရပ်သားတွေ အာကာသခရီးထွက် နိုင်အောင် စီးပွါးဖြစ်လုပ်ဆောင်မှာဖြစ်ပြီး ၂၀၁၁ခုနှစ်ကအဆုံးသတ်ခဲ့တဲ့ အမေရိကန် အာကာသလွန်းပျံအစီအစဉ် နောက်ပိုင်း မနေ့ကထွက်သွားတဲ့ အာကသယာဉ်က ပထမဆုံးဖြစ်ပါတယ်။
ဒီခရီးသည်တင်အာကာသယာဉ်ကို Virgin Galactic ဒုံးယာဉ် လို့ခေါ်ပြီး ဗြိတိသျှ ဘီလျှံနာ သူဌေးကြီး Richard Barnsonက မတည်လုပ်ဆောင်ခဲ့တာပါ။ ကမ္ဘာ့ အပြင်ဘက် ကီလိုမီ တာရှစ်ဆယ်ကျော်အထိ ဒီဒုံးယာဉ်က ပျံသန်းနိုင်တာပါ။ ဒီ Virgin Galactic ဒုံးယာဉ်စမ်းသပ် ပျံသန်းမှုဟာ အာကာသကိုခရီးသွားလိုသူတွေအတွက် ခေတ်သစ်တခုဖြစ်လာတော့မယ့်သဘောပါပဲ။
Your browser doesn’t support HTML5