Nate အပူပိုင်းမုန်တိုင်း ကုန်တွင်းဝင်ရောက်အားနည်း

Mississippi ပြည်နယ်ကို Hurricane Nate ဝင်ရောက်

အမေရိကန် ပြည်ထောင်စု Mississippi နဲ့ Alabama ပြည်နယ်တို့ကို လေတိုက်နှုန်း တနာရီကို ကီလိုမီတာ ၁၁၀ နှုန်းတဲ့ အပူပိုင်း မုန်တိုင်း Nate ဒီကနေ့ တနင်္ဂနွေနေ့မှာ ဝင်ရောက်လာနေတယ်လို့ အမျိုးသား ဟာရီကိန်း စင်တာက ပြောဆိုထားပါတယ်။

ခပ်မြန်မြန် အားပျော့သွားမယ်လို့လည်း မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဟာရီကိန်း မုန်တိုင်းအဖြစ်နဲ့ မနေ့ စနေနေ့က လူဝီစီယားနား ကမ်းရိုးတန်း မစ်စ္စပီ မြစ်ဝအနီးနဲ့ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ မစ်စ္စပီ ပြည်နယ် Biloxi အနီးတို့မှာ နှစ်ကြိမ်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ မနက်ဖြန် တနလာၤနေ့မှာတော့ အမေရိကန် ပြည်ထောင်စု တောင်ပိုင်းတကြော၊ Tennessee Valley နဲ့ Appalachian တောင်တန်းတွေဘက်ကို ရွေ့လျားသွားမယ်လို့လည်း အမေရိကန် အမျိုးသား ဟာရီကိန်း စောင့်ကြည့် စင်တာက ပြောဆိုထားပါတယ်။

၂၀၀၅ ခုနှစ်တုန်းက ကက်ထရီနာမုန်တိုင်းကြောင့် ရေကြီးမှုနဲ့ ကြုံခဲ့ရတဲ့ New Orleans ပြည်နယ်မှာတော့ ဟာရီကိန်းနဲ့ အပူပိုင်း မုန်တိုင်း သတိပေးချက်တွေနဲ့ ကင်းလွတ်သွားပါပြီ။ လူဝီစီယားနား ကမ်းရိုးတန်းက St. Bernard Parish၊ New Orleans အရှေ့ဘက်ပိုင်းတို့က ဒေသခံတွေကိုတော့ မုန်တိုင်းဘေး စိုးရိမ်ချက်နဲ့ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ သောကြာနေ့တုန်းက ညွှန်ကြားထားပါတယ်။

မုန်တိုင်းဒီရေ ၉ ပေ အထိ ရောက်ရှိလာမယ်လို့ ခန့်မှန်းချက်နဲ့ အတူ အမေရိကန် ပင်လယ်ကွေ့ ကမ်းရိုးတန်းက အဓိက သဘောၤဆိပ်ကြီးတွေလည်း မနေ့ စနေနေ့က ပိတ်ထားခဲ့ပါတယ်။ လူဝီစီယားနား၊ မစ်စ္စ္စစ္စပီနဲ့ အယ်လာဘားမား တို့မှာ ပြည်နယ် အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

Your browser doesn’t support HTML5

Nate အပူပိုင်းမုန်တိုင်း ကုန်တွင်းဝင်ရောက်အားနည်း