ကုလ လူ့အခွင့်အရေးကောင်စီကို ကန် ဝေဖန်

ဂျီနီဗာက ဗင်နီဇွဲလားအရေး ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးနေတဲ့ ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley.

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ ပါဝင်ခွင့် မပေးသင့်ဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကပြောလိုက်ပါတယ်။ ဂျီနီဗာမှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲအတွင်း နိုင်ငံ တကာက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကို မနေ့ကပဲ ပြောခဲ့တာပါ။

အမေရိကန် အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ ဝင်နိုင်ငံ အဖြစ် ပါဝင်မှုကို အသေအချာ စောင့်ကြည့်နေတာ ဖြစ်ပြီး သိသိသာသာ ပြုပြင်ပြောင်းလဲရမယ့် အခန်းကဏ္ဍတွေ ကိုလည်း မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ ဘေးပန်း ဆွေးနွေးပွဲ တခု ကိုလည်း အမေရိကန်က ကမကထလုပ ်ကျင်းပနေပြီး ဗင်နီဇွဲလားရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ ဆိုးသည်ထက် ဆိုးလာနေတယ် လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

နိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေ ပုံမှန် ပြန်ဖြစ် မလာသေးသရွေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ထဲ ရှိမနေသင့်တဲ့ နိုင်ငံတွေထဲမှာ ဗင်နီဇွဲလားက နမူနာ တခုပဲလို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဟာ ဗင်နီဇွဲလား နိုင်ငံက လွန်ကျူးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အပြစ်တင် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်မျိုး တခါမှ မချဘူးပေမယ့်လည်း အစ္စရေးနိုင်ငံကိုတော့ လူ့အ ခွင့်အရေးနဲ့ ပတ်သက်လို့ ဝေဖန်ရှုတ်ချတာတွေ လုပ်နေတယ် လို့လည်း သံအမတ်ကြီး Nikki Haley ကထောက်ပြဝေဖန် ခဲ့ပါတယ်။

Your browser doesn’t support HTML5

ကုလ လူ့အခွင့်အရေးကောင်စီကို ကန် ဝေဖန်