နှင်းမုန်တိုင်းဒဏ် အမေရိကန် ပြန်နလံထူစပြု

Storm Jonas 2016

ဝါရှင်တန်ဒီစီမြို့တော်မှာ သောကြာနဲ့ စနေနေ့တုန်းက စံချိန်တင် နှင်းမုန်တိုင်းကျရောက်ခဲ့ပြီး တနင်္လာနေ့က နှင်းတွေဖယ်ရှား ရှင်းလင်းနေရတဲ့အတွက် အမေရိကန်အစိုးရရုံးတွေနဲ့ ကျောင်းတွေ ပိတ်ထားခဲ့ရပါတယ်။

ဝါရှင်တန်မြို့တော်ရဲ့လမ်းမနဲ့အဝေးပြေးလမ်းမ အများစုဟာ တနင်္လာနေ့မနက်က နှင်းတွေဖုံးလွှမ်းလျက်ရှိပြီး အရေးပေါ် နှင်းဖယ်ရှားရေး အစိုးရအလုပ်သမားတွေက နှင်းရှင်းတဲ့ကားကြီးတွေနဲ့ လမ်းတွေကို ရှင်းလင်းနေကြပါတယ်။ ရေခဲအမှတ်အထက် အပူချိန်ရှိနေတဲ့အတွက် မြို့နေလူတွေအနေနဲ့ (၇၆) စင်တီမီတာ၊ လက်မ (၃၀) နီးပါး ကျခဲ့တဲ့နှင်းတွေကို ရှင်းလင်းဖို့အခွင့်အရေး ရခဲ့ပါတယ်။ ဝါရှင်တန်နဲ့ Baltimore မြို့တို့ရှိ အရှေ့ဘက်ခြမ်းက အဓိက လေယာဉ်ကွင်းတွေကနေ လေယာဉ်ခရီးစဉ် (၁၅၀၀)လောက် တနင်္လာနေ့က ဖျက်သိမ်းခံရချိန်မှာ မီးရထား ပြေးဆွဲမှုတွေကတော့ ပုံမှန်အခြေအနေနီးပါး ပြန်ရောက်ခဲ့ပါတယ်။ နယူးရောက်မြို့နဲ့ တောင်ပိုင်း မှာလည်း နှင်းမုန်းတိုင် ကျတဲ့ဒဏ်ကို လူသန်းပေါင်းများစွာတို့ ခံခဲ့ကြရပါတယ်။

ပူနွေးတဲ့ မက်က္ကဆီကိုပင်လယ်ကွေ့ကနေ ရေငွေပါတဲ့ လေပြင်းဟာ လွန်ခဲ့တဲ့နှစ်ရက်က အတ္တလန္တိတ် ကမ်းခြေကိုဖြတ်တိုက်ခဲ့ရာ မုန်တိုင်းကြီးအသွင် ကျခဲ့တာဖြစ်ပါတယ်။ ဆောင်းရာသီဥတုရဲ့ပြင်းထန်တဲဒဏ်ကို ခံရခဲ့တဲ့ Baltimore နဲ့ ဝါရှင်တန်ဒေသတို့မှာ အဆိုးဆုံး ခံခဲ့ရပါတယ်။ နှင်းရှင်းရင် နှလုံးခုန်ရပ်ပြီး သေဆုံးမှုအပါအဝင် နှင်းမုန်တိုင်းဒဏ်ကြောင့် လူ အနည်းဆုံး (၃၅) ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ Pennsylvania ပြည်နယ်မှာတော့ လူတဦး စက်နှိုးပြီး မော်တော်ကားရပ်ထားစဉ် နှင်းရှင်းတဲ့ကားက နှင်းတွေ ကားပေါ်ပုံချလိုက်တဲ့အတွက် ကားရဲ့Exhaust ပိုက်လည်း ပိတ်သွားတဲ့အတွက် ကာဗွန်မိုနိုက်ဆိုက် ဓါတ်ငွေ့တွေ ကားထဲဝင်လာတာကြောင့် အသက်ရှုမွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။