HIV/AIDS တိုက်ဖျက်ရေး တညီတည်းလှုပ်ရှားကြဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

Hands tied with a red ribbon hold the globe. World AIDS Day. Advertising banner

HIV/AIDS ရောဂါ ခြိမ်းခြောက်မှုတွေ ၂၀၃၀ ခုနှစ်မှာ အဆုံးသတ်စေဖို့ ရည်မှန်းချက် အောင်မြင်ဖို့အတွက် ကမ္ဘာတဝန်းက မိတ်ဖက်အဖွဲ့အစည်းတွေအကြား တညီတည်း လှုပ်ရှားကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ AIDS ရောဂါကုစားရေး သမ္မတရဲ့ အရေးပေါ်အစီအစဉ်ကတဆင့် နိုင်ငံခြား ရေးဌာနအနေနဲ့ အသက်ပေါင်းများစွာ ကယ်တင်ဆောင်ရွက်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကမ္ဘာတဝန်း နိုင်ငံပေါင်း ၅၅ နိုင်ငံမှာ လူပေါင်း သန်း၂၀ ကျော်ကို အသက်ကယ်ဆယ်ရေး ကုသဆောင် ရွက်မှုတွေ ထောက်ပံ့ခဲ့တယ်လို့ ကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အခု နိုင်ငံတကာ AIDS နေ့ဟာ HIV/AIDS ကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ လူပေါင်း သန်း ၄၂ သန်းကျော်ကို အမှတ်ရစရာ ဖြစ်တယ်လို့ လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

2024 ခုနှစ် ကမ္ဘာ့ AIDS နေ့ မတိုင်ခင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ UNAIDS အဖွဲ့ကြီးကနေ အစီရင်ခံစာသစ်တစောင် ထုတ်ပြန်ခဲ့ပြီး၊ AIDS ရောဂါ တိုက်ဖျက်ရေး တိုးတက်မှုတွေကို နှောင့်နှေးစေတဲ့ မညီမျှမှုတွေကို ဖြေရှင်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိန်းဂဏန်းတွေအရဆိုရင်တော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ခန့်မှန်းချေ လူဦးရေ ၃၉. ၉သန်းဟာ HIV ရောဂါပိုး ကူးစက်ခံထားရတယ်လို့ဆိုပါတယ်။

အဲဒီအထဲက လူဦးရေ ၉.၃ သန်းဟာ မဖြစ်မနေလိုအပ်တဲ့ အသက်ကယ်ကုသမှုတွေ မရကြဘူးလို့လည်း ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် တနှစ်အတွင်းမှာပဲ AIDS နဲ့ ဆက်စပ်တဲ့ ရောဂါတွေနဲ့ လူ ၆သန်းကျော် သေဆုံးခဲ့ပြီး၊ လူဦးရေ ၁. ၃ သန်းမှာ HIV ကူးစက်မှု တွေ့ခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။

Your browser doesn’t support HTML5

HIV/AIDS တိုက်ဖျက်ရေး တညီတည်းလှုပ်ရှားကြဖို့ ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း