Nicolas Maduro နိုင်ငံရေးတင်းမာမှုတွေတနေ့တခြားပြင်းထန်လာနေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Juan Guaido ကို နိုင်ငံကနေထွက်ခွါခွင့်မပြုဖို့ နိုင်ငံတော်တရားရုံးချုပ်ကို ဗင်နီဇွဲလားရှေ့နေချုပ်က မနေ့ကပဲတောင်းဆို လိုက်ပါတယ်။ Juan Guaidoရဲ့ ဘဏ္ဍာရေးကိုလည်းပိတ်ဆို့ဖို့နဲ့ စုံစမ်းစစ်ဆေးမှုတခုလုပ်ဆောင်ဖို့ကိုလည်း ရှေ့နေချုပ်က တောင်းဆိုခဲ့တာပါ။ ဗင်နီဇွဲလားရဲ့နောက်ဆုံးအခြေအနေဘယ်လိုရှိသလဲဆိုတာ ကိုကျော်အောင်လွင်က ပြောပြမှာပါ။
ဗင်နီဇွဲလားနိုင်ငံရဲ့လက်ရှိသမ္မတ Nicolas Maduroရဲ့အစိုးရကိုဆန့်ကျင်တဲ့ လုပ်ရပ်တွေနဲ့ နိုင်ငံတကာကဖိအားတွေ အစိုးရကိုဝိုင်းပေးလာအောင်လုပ်နေတဲ့ အတိုက်အခံခေါင်းဆောင် Juan Guaidoကို ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်အောင် ရှေ့နေချုပ်ရုံးကိုလုပ်ခွင်ပေးဖို့ နိုင်ငံတော်တရားရုံးချုပ်ကို ရှေ့နေချုပ် Tarek William Saab က အင်္ဂါနေ့ မနေ့တုန်းကတောင်းဆိုခဲ့ပါတယ်။ သူအဓိကတောင်းဆိုတဲ့အချက်သုံးခုကတော့ အတိုက်အခံခေါင်းဆောင် Juan Guaidoကို ဗင်နီဇွဲလားနိုင်ငံအတွင်းကနေ ထွက်ခွါခွင့်မပြုဖို့၊ သူပိုင်ဆိုင်တဲ့ အိမ်ခြံမြေရောင်းဝယ်မှုတွေကို ပိတ်ပင် ဖို့နဲ့ သူ့ရဲ့ဘဏ္ဍာရေးစာရင်းတွေအားလုံးကို့ ပိတ်ဆို့ထားဖို့ပဲဖြစ်ပါတယ်။
"အခုလိုကာကွယ်တားဆီးမယ့်လုပ်ငန်းတွေက အခြေခံဥပဒေအရရော တရားဥပဒေအရပါအကျုံးဝင်ပါတယ်။ အဲဒါ ကြောင့် ရှေ့နေချုပ်ရုံးအနေနဲ့ စုံစမ်းစစ်ဆေးမှုတခုကိုလုပ်ဆောင်ခွင့်ပြုဖို့၊ လိုအပ်တဲ့အချက်အလက်အားလုံးကို ဆက်ပြီး စုဆောင်း ကောက်ယူခွင့်ပြုဖို့ နိုင်ငံတော်တရားရုံးချုပ်ကိုတောင်းဆိုပါတယ်။ ဇန်နဝါရီလ ၂၂ရက်နေ့ကစပြီး ပြည်သူတွေနဲ့ နိုင်ငံရဲ့ စီးပွါးရေးကိုထိခိုက်စေတဲ့လုပ်ရပ်တွေကို ရပ်တန့်စေဖို့ ရှေ့နေချုပ်ရုံးကိုလုပ်ဆောင်ခွင့်ပေးရေး တောင်းဆိုပါ တယ်။"
ရှေ့နေချုပ် Tarek William Saabတောင်းဆိုနေတာက သမ္မတ မာဒူရိုအစိုးရဘက်ကိုပါနေတဲ့ တရားရုံးချုပ်ကိုပါ။ အကြိုစုံ စမ်းစစ်ဆေးမှုတခုကိုလည်း ရှေ့နေချုပ်ကလုပ်နေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အတိုက် အခံခေါင်းဆောင် Juan Guaidoနဲ့ ပတ်သက်ပြီး ဘယ်လိုပြစ်မှုမျိုးကိုစုံစမ်းစစ်ဆေးနေတယ်ဆိုတာကိုတော့ ရှေ့နေချုပ် Saab ကမပြောပါဘူး။ ပြီးခဲ့တဲ့ အပတ်အတွင်း Juan Guaidoက သူ့ကိုယ်သူ ကြားဖြတ်သမ္မတဖြစ်ကြောင်းကြေညာခဲ့ပြီးနောက်ပိုင်း မတည်ငြိမ်မှုတွေဖြစ် ပေါ်လာခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေတာလို့တော့ဆိုပါတယ်။
Juan Guaidoကတော့ သမ္မတမာဒူရိုကနေပြီး ငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းမှုလုပ်လာနိုင်လိမ့်မယ်လို့ယုံကြည်နေပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲတွေလည်း တဖြေးဖြေးချင်းကျင်းပနိုင်လိမ့်မယ်လို့ယုံကြည်ကြောင်း မနေတုန်းကထုတ်လွှင့်တဲ့ CNN ရုပ်မြင်သံကြားမှာပြောခဲ့ပါတယ်။ ဗင်နီဇွဲလားအစိုးရပိုင် PDVSA ရေနံကုမ္ပဏီကိုအမေရိကန်ပြည်ထောင်စုက အရေး ယူပိတ်ဆို့မှုလုပ်တဲ့အကြောင်းကြေညာပြီးနောက်တရက်မှာပဲ Juan Guaidoကအခုလိုပြောခဲ့တာပါ။ သမ္မတ မာဒူရိုက တော့ ဗင်နီဇွဲလားနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတထရမ့်ကိုအပြစ်တင်နေပါတယ်။ တနင်္လာနေ့ညပိုင်းကထုတ်လွှင့်ခဲ့တဲ့ မာဒူရိုရဲ့ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာတော့ သူ့ရဲ့အတိုက်အခံတွေနဲ့အချိန်မရွေးနေရာ မရွေးတွေ့ဆုံဆွေးနွေးနိုင်တယ်လို့ဆိုပါတယ်။
"ဗင်နီဇွဲလားနိုင်ငံထဲမှာပဲလား၊ Trinidad Tobago နိုင်ငံမှာလား ဒါမှမဟုတ် ဘယ်နေရာမှာလဲ။ အချိန်မရွေးနေရာမရွေး ဗင်နီဇွဲလားအတိုက်အခံတွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့အဆင်သင့်ရှိနေပါတယ်လို့ သမ္မတမာဒူရိုကပြောခဲ့တာ ပါ"
အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကတော့ အတိုက်အခံခေါင်းဆောင် Juan Guaido ကိုပဲဖြစ်ဖြစ် အမျိုးသားလွှတ်တော်ကိုပဲဖြစ်ဖြစ် ထိခိုက်အောင်လုပ်ဆောင်မှုမှန်သမျှကို ကြီးမားတဲ့ စော်ကားမှုအဖြစ်ယူဆ မှာဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် ထူးခြားတဲ့တုန့်ပြန်မှုတွေကြုံရလိမ့်မယ်လို့ သတိပေးထားပါတယ်။ Juan Guaidoကို ဗင်နီဇွဲလားနိုင်ငံရဲ့ခေါင်းဆောင်အဖြစ် အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများက ထောက်ခံနေကြပါတယ်။ ဥရောပ သမဂ္ဂကလည်း စနေနေ့နောက်ဆုံးထားပြီး ရွေးကောက်ပွဲတွေကျင်းပရေးတိုက်တွန်းနေပါတယ်။ လက်ရှိသမ္မတ မာဒူရိုအစိုးရကိုတော့ ရုရှား၊ တရုတ်၊ အီရန်နဲ့ကျူးဘားအပါအဝင် နိုင်ငံတချို့က ဆက်ပြီးထောက်ခံနေကြပါတယ်။ ဒီကနေ့နေ့လည်ပိုင်းမှာတော့ ဗင်နီဇွဲလားစစ်တပ်အနေနဲ့ ပြည်သူ့ဘက်မှာရပ်တည်ရေး ငြိမ်းချမ်းတဲ့တောင်းဆိုမှုတွေ အချိန် ၂နာရီကြာပြုလုပ်ကြဖို့ အတိုက်အခံခေါင်းဆောင် Juan Guaidoကတိုက်တွန်းထားပြီး စနေနေ့ကျရင်လည်း သမ္မတမာဒူရိုအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ပြည်တွင်းပြည်ပမှာကျင်းပဖို့ တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5