Venezuela မှာ စစ်ရေးအရဝင်စွက်မည့်အရေး စိုးရိမ်ဖွယ်ရှိ

အမေရိကန်က ထောက်ပံ့တဲ့ လူသားချင်းစာနာမှုအကူအညီတင် ထရပ်ကားနှစ်စဉ်းအား ဗင်နီဇွဲလားသို့ စောင့်ကြပ်မှုဖြင့် ပို့ဆောင်စဉ်။ (ဖေဖော်ဝါရီ ၇၊ ၂၀၁၉)

အမေရိကန်က ထောက်ပံ့တဲ့ လူသားချင်းစာနာမှုအကူအညီတင် ထရပ်ကားနှစ်စဉ်းအား ဗင်နီဇွဲလားသို့ စောင့်ကြပ်မှုဖြင့် ပို့ဆောင်စဉ်။ (ဖေဖော်ဝါရီ ၇၊ ၂၀၁၉)

ဗင်နီဇွဲလားနိုင်ငံက လက်ရှိသမ္မတ နီကိုလာစ် မာဒူရိုကို ဖြုတ်ချရေးမှာ အမေရိကန်ရဲ့ စစ်အင်အားနဲ့လုပ်ဆောင် နိုင်မယ့် အခြေအနေတွေရှိလာနေတာနဲ့ တပြိုင်တည်း စစ်အင်အား အသုံးပြုမှုကြောင့် အများပြည်သူတွေ ထိခိုက်ဆုံးရှုံးမယ့်အရေး အပေါ်မှာလည်း စိုးရိမ်မှုတွေက တိုးလာနေပါတယ်။

အမေရိကန်ရဲ့နိုင်ငံခြားမှာသွားတိုက်တဲ့ စစ်ပွဲတခုဖြစ်လာမယ့်အရေးနဲ့ အဲဒီစစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ ဝင်တွေ ဆုံးရှုံးရမယ့်အရေးကလည်း စိုးရိမ်စရာတွေဖြစ်နေတာပါ။ ဗင်နီဇွဲလားအကျပ် အတည်းကိုဖြေရှင်းဖို့ အမေရိကန်ရဲ့စစ်အင်အားအသုံးပြုရေးဟာ လမ်းကြောင်းတခုအဖြစ်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်က တနင်္ဂနွေနေ့က ပြုလုပ်တဲ့ အမေးအဖြေတခုမှာပြောထားပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပတဲ့ သမ္မတထရမ့်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ စစ်ရေး ကုန်ကျစရိတ်တွေကိုလျှော့ချဖို့လိုကြောင်း လွှတ်တော်ကိုပြောဆိုခဲ့ပါတယ်။ ကြီးမြတ်တဲ့ နိုင်ငံတွေအနေနဲ့ မဆုံးနိုင်တဲ့စစ်ပွဲတွေကို တိုက်ခိုက်မနေဘူးလို့ သမ္မတထရမ့်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

ဗင်နီဇွဲလားနိုင်ငံရဲ့အာဏာအကူးအပြောင်းဟာ ငြိမ်ငြိမ်းချမ်းချမ်းနဲ့ဖြစ်ပေါ်လာဖို့ အမေရိကန်ပြည်ထောင်စုက ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်အရာရှိတွေက ပြောကြပါတယ်။ ဥရောပနဲ့လက်တင်အမေရိကန်နိုင်ငံ တော်တော်များများက ဗင်နီဇွဲလားရဲ့လက်ရှိသမ္မတ မာဒူရိုအစိုးရဟာ တရားမဝင်တော့ဘူးဆိုပြီး အတိုက်အခံ ခေါင်းဆောင် ဂူအေးဒိုကို ထောက်ခံအားပေးနေကြပါတယ်။

Your browser doesn’t support HTML5

Venezuela မှာ စစ်ရေးအရဝင်စွက်မည့်အရေး စိုးရိမ်ဖွယ်ရှိ