ဗီယက်နမ်နိုင်ငံမှာ ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲခံထားရတဲ့ အတိုက်အခံ လှုပ်ရှားသူ ၁၄ ယောက်ကို အာဏာပိုင်တွေက တရားရုံးတင် စစ်ဆေးခဲ့ကြပါတယ်။ သူတို့ကိုတော့ အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက်ထားပြီး ဗီယက်နမ်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အတိုက်အခံ Viet Tan အဖွဲ့နဲ့ ဆက်နွယ်မှု ရှိတယ်လို့ စွပ်စွဲထားတာပါ။
အမှုကိုတော့ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းက Nghe An ပြည်နယ် တရားရုံးမှာ အင်္ဂါနေ့က စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေကတော့ အကျဉ်းရုံးသာ ဆောင်ရွက်ဖွယ်ရှိနေပြီး ဒီသီတင်းပတ် နှောင်းပိုင်းမှာပဲ စီရင်ချက်ချမယ်လို့လည်း မျှော်လင့်ရပါတယ်။
စွပ်စွဲခံရသူတွေနဲ့တွေ့နိုင်ဖို့ ဆွေမျိုးတွေနဲ့ အားပေးထောက်ခံ သူတွေ ဝိုင်းဝန်းလာကြချိန်မှာပဲ ရာဂဏန်းချီရှိတဲ့ လုံခြုံရေး အာဏာပိုင်တွေနဲ့ တရားရုံးပြင်ပမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်း လည်း ဗီယက်နမ်နိုင်ငံက ဘလော့ဂ်တွေမှာ ဖော်ပြခဲ့ကြတာပါ။
တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်မယ်ဆိုရင်တော့ စွပ်စွဲခံရသူတွေဟာ နှစ်ရှည်ထောင်ဒဏ်၊ ဒါမှမဟုတ် သေဒဏ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ စွပ်စွဲခံရသူတွေဘက်က အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ Tran Thu Nam ကတော့ တရားလိုဘက်က ပုန်ကန်မှုစွပ်စွဲချက်ကို ပယ်ချထားကြောင်း ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Viet Tan အဖွဲ့ကတော့ တရားခွင်ကို ရှုတ်ချကြောင်း ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး ဒါဟာ ဗီယက်နမ် အစိုးရက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေး သဘောထား ဖော်ထုတ်သူတွေနဲ့ ဒီမိုကရေစီကို ဂရုမစိုက်ကြောင်း ပြသတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ဝေဖန်ခဲ့ပါတယ်။