ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုအခြေအနေ

အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ ၂၀၀၇ ခုနှစ်မှာ ဥပဒေပြဌာန်းပေးခဲ့ပေမဲ့လို့ ထိုင်းနိုင်ငံရဲ့ တရားဝင်စာရင်းဇယားတွေအရ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရပ်တွေဟာ တိုးလာနေပါတယ်။ အမျိုးသမီးတွေအနေနဲ့ အကူအညီတောင်းခံဖို့ တုံ့ဆိုင်းမှုရှိကြသလို သူတို့ကို အကာအကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း မသိကြတာတွေ တွေ့ရတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ဗွီအိုအေသတင်းထောက် Ron Corben ပေးပို့တဲ့ သတင်းဆောင်းပါးကို ဒေါ်လှလှသန်းက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။