အိမ်ဖြူတော်သတင်းထောက်အသင်း DW သတင်းဆုရ

အိမ်ဖြူတော်သတင်းထောက်အသင်း

၂၀၁၇ ခုနှစ် အတွက် Freedom of Speech လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဆုကိုအမေရိကန် သမ္မတ အိမ်ဖြူတော် သတင်းထောက်များ အသင်းကို ချီးမြှင့်ကြောင်း ဂျာမနီ လူထု ဝန်ဆောင်မှု မီဒီယာ Deutsche Welle က ကြေညာလိုက်ပါတယ်။

အိမ်ဖြူတော် သတင်းထောက် အသင်း အပေါ်မှာ အမေရိကန် သမ္မတ Donald Trump က အယုံအကြည် မရှိကြောင်း၊ ဒါ့အပြင် ပုဂ္ဂိုလ်ရေး ဝေဖန်မှုတွေ လုပ်ခဲ့တဲ့ ကြားကဘဲ အမေရိကန် အစိုးရသစ်ရဲ့ မူဝါဒတွေ အပေါ် ရပ်တည် ဖော်ပြမှုတွေက စံတင်ရလောက်တယ်လို့ Deutsche Welle က ပြောဆိုပါတယ်။

DW ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး Peter Limbourg က အမေရိကန် ပြည်ထောင်စုရဲ့ ဒီမိုကရေစီ စနစ်ကို အပြည့်အ၀ ယုံကြည်တယ်လို့ ပြောဆိုပြီး ဒါက ခိုင်မာ အားကောင်းတဲ့ မီဒီယာပေါ်မှာ မှီတည်နေရတာ ဖြစ်တယ်။ အိမ်ဖြူတော် သတင်းထောက်များ အသင်းက ဒီ သြဇာတိက္ကမကို ထိန်းချုပ်ထားနိုင်ဖို့ အာမခံထားတဲ့ အဖွဲ့အစည်း တခုဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။ လာမယ့် ဇွန်လ ဂျာမနီ နိုင်ငံ Bonn မြို့မှာ ကျင်းပမယ့် Deutsche Welle ရဲ့ ကမ္ဘာ့ မီဒီယာ ဖိုရမ်မှာ ဒီဆုကို ချီးမြှင့်မှာ ဖြစ်ပါတယ်။ အိမ်ဖြူတော် သတင်းထောက်များ အသင်း အခုလို ဆုရွေးချယ် ချီးမြှင့်ခံရတဲ့ အပေါ် သိပ်ပြီး ဂုဏ်ယူရပါတယ်လို့ အသင်းရဲ့ ဥက္ကဌ Jeff Mason က ပြောဆိုပါတယ်။

Your browser doesn’t support HTML5

အိမ်ဖြူတော်သတင်းထောက်အသင်း DW သတင်းဆုရ