အိုက်စလန်မှာ မီးတောင်ပေါက်ကွဲ

Your browser doesn’t support HTML5

မီးတောင်ပေါက်ကွဲပြီးကျလာတဲ့ ချော်ရည်ပူတွေကို မြင်တွေ့ရတာပါ။ အိုက်စလန်နိုင်ငံ မြို့တော် Reykjavik နဲ့ သိပ်မဝေးတဲ့ Reykjanes ကျွန်းဆွယ်မှာ မီးတောင်ငယ်တခု တနင်္လာနေ့က ပေါက်ကွဲပြီး နောက်ဆက်တွဲငလျင်လည်းလှုပ်ခတ်ခဲ့ပါတယ်။

မကြာခဏ မီးတောင်ပေါက်ကွဲနေကြအရပ်ဒေသဖြစ်တာကြောင့် တစုံတရာထိခိုက်မှုမရှိပေမယ့် မီးတောင်ကိုလာကြည့်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ လေ့လာသူတွေ အထူးသတိထားကြဖို့၊ တားမြစ်ချက်တွေလိုက်နာကြဖို့ ဒေသအာဏာပိုင်တွေက သတိပေးထားပါတယ်။