Washington Post သတင်းထောက်ကို သတ်ခဲ့သည့်တိုင် ဆော်ဒီကို ကန် လက်နက် ရောင်းမည်

ဘဲဥပုံရုံးခန်းတွင်းမှာ အစည်းအဝေးထိုင်နေတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

ပျောက်ဆုံးနေတဲ့ ဆော်ဒီ သတင်းထောက် Jamal Khashoggi ရဲ့ ကံကြမ္မာ သိပ်ပြီးကောင်းပုံမရဘဲ အသတ်ခံလိုက်ရတာဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ Donald Trump က စနေနေ့က ပြောကြားခဲ့ပါတယ်။

သြဇာအာဏာကြီးတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ပတ်သက်လို့ အချက် ကျကျ ထိထိမိမိ ဝေဖန်ရေးသားခဲ့တဲ့ သတင်းထောက် Khahoggi ဟာ တူရကီနိုင်ငံ Istanbul မြို့ ဆော်ဒီကောင်စစ်ဝန်ရုံးကို အောက်တိုဘာလ ၂ ရက်နေ့က ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ တာပါ။

သူအသတ်မခံရပါစေနဲ့လို့ ပထမဆုံးမျှော်လင့်ချက်ထားခဲ့ပေမယ့် အခု သူတို့ ကြားခဲ့တဲ့ သတင်းတွေ အရ သိပ်ပြီးကောင်းတဲ့ အခြေအနေမဟုတ်ဘူးလို့ စနေနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို သမ္မတ Trump ကပြောဆိုခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ဆော်ဒီသတင်းထောက် Jamal Khashoggi အသတ်ခံခဲ့ရတယ်လို့ သက်သေပြနိုင်တယ် ဆိုရင်တောင်မှ ဆော်ဒီကို စစ်လက်နက်ပိုင်းဆိုင်ရာရောင်းချမှုတွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ပင်လိုက်မယ်ဆိုရင် ကိုယ့်ကိုကိုယ် အပြစ်ပေးသလို ဖြစ်နေမယ်လို့ သမ္မတ Trump က ပြောပါတယ်။

Istanbul က ဆော်ဒီကောင်စစ်ဝန်ရုံးထဲမှာ Jamal Khashoggi အသတ်ခံရတယ်လို့ အမေရိကန် ဘက်က ဆန်းစစ်အတည်ပြုနိုင်မယ်ဆိုရင် ဆော်ဒီအာရေဗျနိုင်ငံအပေါ် အမေရိကန်ဘက်က အရေးယူအပြစ်ပေးမှုတွေရှိလာလိမ့်မယ်လို သမ္မတ Trump က သတိပေးပြောဆိုခဲ့တာပါ။

Your browser doesn’t support HTML5

Washington Post သတင်းထောက်ကို သတ်ခဲ့သည့်တိုင် ဆော်ဒီကို ကန် လက်နက် ရောင်းမည်