ကမ္ဘာပေါ်က ငတ်မွတ်ခေါင်းပါးနေသူများ

  • ညိုညိုလွင်

Severely malnourished child from southern Somalia is being held in a makeshift shelter in a refugee camp in Mogadishu, Somalia (File Photo - Sept. 20, 2011).

ကမ္ဘာပေါ်မှာ လူပေါင်း ၉၂၅ သန်းဟာ ဆာလောင်ငတ်မွတ်မှုဒဏ်ကို ခံစားနေကြရပါ တယ်၊ အများစုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဖြစ်ကြပြီး ကျန်းမာရေး ဆိုင်ရာ ထိခိုက်မှုတွေ မှာလည်း ဆာလောင်ငတ်မွတ်မှုက ထိပ်တန်းအကြောင်းရင်း ဖြစ်လာပါတယ်၊ ကမ္ဘာ ပေါ်က ကလေးငယ်တွေ သေဆုံးရမှု ထဲက တဝက်ကျော်ဟာလည်း ဆာလောင် ငတ်မွတ်မှုရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ကြောင်းလည်း သုတေသနပြုစုသူ တွေက ဆိုပါတယ်၊