ZawGyi/Unicode
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီက လုပ်ရပ်တွေကို ထိုင်းနိုင်ငံရောက် မြန်မာတွေ နေ့စဉ် ရက်ဆက် ဆန့်ကျင်ကန့်ကွက်လာတာ အခုဆိုရင် တလရှိလာပါပြီ။ ဒီနေ့ဆိုရင်ဆန့်ကျင်ကန့်ကွက်သူ သောင်းဂဏန်းအထိ ရှိလာကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ လူထုကရွေးချယ်ခဲ့တဲ့ရွေးကောက်ပွဲလာဒ်ကိုပယ်ဖျက်ပြီး အာဏာသိမ်းလိုက်တဲ့စစ်အုပ်ချုပ် ရေးကောင်စီကို ဘန်ကောက်မြို့ မြန်မာသံရုံးနဲ့ ဘန်ကောက်နဲ့မဲဆောက်မှာ ဖွင့်လှစ်ထားတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွေရဲ့ရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အာရှနိုင်ငံတွေက ကျောင်းသူကျောင်းသားတွေပါ ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံသားတွေနဲ့အတူ စုပေါင်းဆန္ဒပြခဲ့ကြတာဖြစ်ကြောင်း Myanmar community in Thailand အဖွဲ့က ကိုစိုင်းက ပြောပါတယ်။
“လူများတယ်။သောင်းဂဏန်းရှိတယ်။နေ့လည်က ထိုင်းတွေလာပြီး ပူးပေါင်းတဲ့အချိန်မှာ အာဏာပိုင်တွေကလည်း လူစုခွဲခိုင်းတယ်။ မြန်မာတွေကတော့ လူစုခွဲပေးရတယ်။ ပြည်သူအချင်းချင်း ပူးပေါင်းသွားမှာကို စိုးရိမ်ပုံရပါတယ်။ ထိုင်းတွေကတော့ အနုစာဝါရီကျောက်တိုင်ကနေ ဝန်ကြီးချုပ်ရုံးအထိ ချီတက်နေကြတယ်။ အဲဒီထဲမှာ မြန်မာတချို့လည်း ပါပါတယ်။ လူဦးရေကတော့ သောင်းဂဏန်းလောက်ရှိပါတယ်။”
မဲဆောက်မြို့မှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ မြန်မာပြည်တွင်းမှာ စစ်အုပ်ချုပ်ရေးကောင်စီက လက်နက်မဲ့ပြည်သူတွေကို သတ်ဖြတ်တာတွေကို အရေးယူပေးပါ ဆိုတဲ့ ပိုစတာတွေနဲ့ ဆန္ဒပြနေကြတာဖြစ်ကြောင်း မဲဆောက်မြို့ ဆန္ဒပြအလုပ်သမားတဦးက အခုလို ပြောသွားပါတယ်။
“ဖြစ်တာက ဒီနေ့မပါသေးဘူး။ ၁၃ ယောက်ရှိတယ်။ ဒီနေ့ဆို ဘယ်လောက်မှန်းတောင် ရှိမယ်မသိတော့ဘူး။ ဆရာမတယောက်လည်းဆုံးသွားတယ်။ အနာဂတ်အတွက် အများကြီးနစ်နာပါတယ်။ ပြည်တွင်းမှာဖြစ်နေတာတွေ ကြားရတာ ရင်တွေ ကွဲမတတ် ခံစားနေရပါတယ်။”
စစ်တပ်ကဖွဲ့ထားတဲ့ စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်တဲ့နေ့ကစလို့ဒီနေ့တလကြာတဲ့အထိ ထိုင်းနိုင်ငံတွင်းက ယူအန်ရုံး မြန်မာသံရုံးနဲ့စက်ရုံး အသီးသီးမှာလည်းနည်းမျိုးစုံဆန္ဒထုတ်ဖော်မူတွေကတော့ရှိနေပါတယ်ရှင်။
Your browser doesn’t support HTML5
Unicode
#MyanmarMilitaryCoup #MyanamrProtest #MyanamrTaiwan #WhatIsHappeningInMyanmar #VOABurmese