ဝီကီလိခ်နဲ့ဆက်စပ်နေတဲ့ အချက်အလက်တွေပေးဖို့ Twitter ကို အမေရိကန်တရားရုံးချုပ် တောင်းဆို

The Twitter homepage of Wikileaks is shown in this photo taken in New York, 01 Dec 2010

ကမ္ဘာတလွှားက အမေရိကန်သံရုံးတွေကနေ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြန်ပြီးတင်ပြတဲ့ ကြေးနန်း အစီရင်ခံစာတွေကို ဖွင့်ချနေတဲ့ Wikileaks အင်တာနက်စာမျက်နှာနဲ့ ဆက်နွယ်နေတဲ့ လူမှုရေးအင်တာနက် ကွန်ယက် Twitter ရဲ့ စာရွက်စာတမ်းတွေကို အမေရိကန်အစိုးရကို Twitter ကပေးအပ်ရမယ်လို့ အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်က မနေ့က အမိန့်ချမှတ်လိုက်ပါတယ်။

ဒီစာရွက်စာတမ်းတွေထဲမှာ Wikileaks အင်တာနက်စာမျက်နှာကို တည်ထောင်သူ Julian Assange နဲ့ အမေရိကန်ကြည်းတပ်က ကွန်ပျူတာ programmer တပ်သားအဆင့်ရှိသူ Bradley Manning တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက်တွေ ပါဝင်နေပါတယ်။ ဆွီဒင်နိုင်ငံမှာ အမျိုးသမီးနှစ်ဦးကို ကွန်ဒုံ အသုံးမပြုဘဲ လိင်ဆက်ဆံခဲ့မှုနဲ့ ရင်ဆိုင်နေရတဲ့ Julian Assange ကို လန်ဒန်မြို့မှာ Scottlandyard ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပေမဲ့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တာကြောင့် သူဟာ အခု လန်ဒန်မြို့မှာ နေထိုင်နေပါတယ်။

အမေရိကန်ကြည်းတပ်က ကွန်ပျူတာ programmer တပ်သား Bradley Manning ကတော့ အမေရိကန် အစိုးရရဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ကြေးနန်းအစီရင်ခံစာတွေ Wikileaks အင်တာနက်စာမျက်နှာကို ပေးပို့ခဲ့မှုနဲ့ ဖမ်းဆီးခံထားရပါတယ်။