လိင်ပိုင်းဆိုင်ရာစွဲချက်တွေနဲ့ ဆွီဒင်နိုင်ငံမှာ အမှုရင်ဆိုင်နေရတဲ့ ဝီကီလိခ် ဝက်ဘ်ဆိုဒ် တည်ထောင်သူ ဂျူလီယံ အာဆန်း (Julian Assange) ကသူ့ကို Sweden နိုင်ငံ လွှဲမပေးရေး ဗြိတိန် တရားရုံးမှာ တင်ထားတဲ့ အယူခံ ပယ်ချခံရပါတယ်။
မစ္စတာ အာဆန်း ရဲ့ အယူခံကို လန်ဒန်မှာရှိတဲ့ တရားရုံးချုပ်က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီးကို အဓမ္မပြုကျင့်တယ်၊ နောက်အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်တယ်ဆိုတဲ့ စွဲချက်တွေအတွက် အသက် ၄၀ အရွယ် မစ္စတာ အာဆန်းကို ဆွီဒင် တာဝန်ရှိသူတွေက အလိုရှိနေပါတယ်။
ဒီကိစ္စတွေဟာ Stockholm မြို့တော်မှာ ၂၀၁၀ခုနှစ်မှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမှုတွေဟာ နိုင်ငံရေးအရ သူ့ကို အမှုဆင်တာဖြစ်ပြီး သူ့ဖက်က ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဂျူလီယံ အာစန်းက ပယ်ချပါတယ်။
ဆွီဒင် အာဏာပိုင်တွေလက်ကို လွှဲမပေးဖို့ အယူခံကို ဗြိတိန်တရားရုံးက ပယ်ချလိုက်ပြီးနောက် ဒီဆုံးဖြတ်ချက်အပေါ် အယူခံ ဆက်ဝင် မဝင် မသေချာသေးဘူးလို့ မစ္စတာ အာဆန်းရဲ့ ရှေ့နေတွေက ပြောပါတယ်။ မစ္စတာ အာဆန်းဟာ လောလောဆယ် ဗြိတိန်နိုင်ငံမှာ အာမခံနဲ့ နေထိုင်နေပါတယ်။
ဝီကီလိခ် တည်ထောင်သူ ဆွီဒင်မှာ အမှုရင်ဆိုင်ရမည်
Retiriing David Beckham of England scores from a free kick to equalise against Greece in their World Cup Group Nine qualifying match, October 6, 2001.