အလိုမပြည့်တဲ့ ဆောင်း

အာရပ်နွေဦး တော်လှန်ရေး

အီတလီက ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ပြသကြတဲ့ ရုပ်ရှင်တွေထဲမှာ Winter of Discontent အလိုမပြည့်တဲ့ဆောင်းဆိုတဲ့ ရုပ်ရှင်ကတော့ အာရပ်နွေဦး တော်လှန်ရေးကို အခြေခံရိုက်ကူးထားတာမို့ ထူးခြားတဲ့ ရသပေးတဲ့ ရုပ်ရှင်ကားတကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေရော ရိုက်ကူးတဲ့ ဒါရိုက်တာကပါ သူတို့ နိုင်ငံမှာ အာရပ်နွေဦး တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြသူတွေမို့လို့ ဒီတော်လှန်ရေးရဲ့ ခံစားချက်ကို ပီပီပြင်ပြင် ရိုက်ပြထားနိုင်ပါတယ်။ နားဆင်ကြည့်ပါဦး။