မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တအိမ်ထောင် ကလေးတဦး သာ ယူခွင့်ပြုတဲ့စနစ်အပြင် သမီးမိန်းကလေးတွေမွေးတာကို မလိုလားခဲ့တဲ့အတွက် အခုဆို အမျိုးသား ဦးရေဟာ အမျိုးသမီးဦးရေထက် သန်း ၃၀ ပိုများနေပါပြီ။ ဒါကြောင့် တိုင်းရင်းကချင်အမျိုးသမီးတွေ ဟာ တရုတ်အမျိုးသားတွေအတွက် ဇနီးမယားအဖြစ် ရောင်းစားခံနေရပြီး ကိုယ်ဝန်ဆောင်ပေးကြ ရ တယ်လို့ အမေရိကန်အခြေစိုက် Human Rights Watch အဖွဲ့က မတ်လ ၂၁ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
ရောင်းစားခံခဲ့ကြရတဲ့ ကချင်အမျိုးသမီးအများစုဟာ ကချင်လက်နက်ကိုင်ဒေသတွေက ဖြစ်ကြတာ ဘာကြောင့်ပါလဲ။ ရောင်းစားခံရတဲ့ဘဝကနေ ပြန်ထွက်ပြေး လွတ်မြောက်လာကြတဲ့ ကချင်အမျိုးသမီး တွေကို ကိုယ့်လူ့အဖွဲ့အစည်းက ဘယ်လို ဆက်ဆံလေ့ရှိပါသလဲဆိုတာကို ပြီးခဲ့တဲ့နှစ်က တရုတ်-မြန်မာ နယ်စပ်မှာ လူကုန်ကူးခံရမှုသတင်းကို ကိုယ်တိုင်သွားရောက်ယူခဲ့တဲ့အပြင် အင်ဒိုနီးရှားကျွန်း တကျွန်းမှာ ရောင်းစားခံရတဲ့ မြန်မာရေလုပ်သားတွေအကြောင်း သတင်းယူခဲ့လို့ ၂၀၁၆ ခုနှစ် Pulitzer သတင်းထူးချွန်ဆု ရရှိခဲ့တဲ့ AP သတင်းထောက်အဖွဲ့မှာ ပါဝင်ခဲ့သူ Esther Htu San ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5