မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်ဟာ အမေရိကန်ကာကွယ်ရေးဌာန လက်အောက်၊ ဟာဝိုင်အီ အခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိတ်ဖိတ် ဌာနမှာ ၂၈ နှစ် တာဝန်ထမ်းဆောင်ပြီး စစ်တပ်က အနားယူသွားပါပြီ။ နိုင်ငံတကာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာ ချမှတ်ရာမှာ အမေရိကန်စစ်တပ်မှာ အမျိုးသမီးတဥိးအနေနဲ့ သူပါဝင်ခဲ့တဲ့ အမှတ်ရစရာ အထင်ကရ ဆောင်ရွက်မှုတွေအကြောင်း ဒု ဗိုလ်မှူးကြီးဟောင်း မီမီဝင်းဘတ်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများ ကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗျူဟာချမှတ်ရာမှာ မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ဒု-ဗိုလ်မှူးကြီးရဲ့ အခန်းကဏ္ဍ