လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုမှုတိုက်ဖျက်ရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြတဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ Dr. Denis Mukwege နဲ့ လိင်အကြမ်းဖက်မှုခံခဲ့ရသူ Yazidi အမျိုးသမီး Nadia Murad တို့ကို ၂၀၁၈ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တွေအဖြစ်ပူးတွဲ ချီးမြှင့်ကြောင်း နိုဘဲလ်ဆုကော်မတီက October ၅ ရက်နေ့ ကကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်ပွါးရာဒေသတွေမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တွေရှိခဲ့တာကြောင့် ဒီနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုဟာ မြန်မာနိုင်ငံရဲ့အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေနိုင်သလဲဆိုတာကို လူ့အခွင့်အရေးလှုပ်ရှားသူ ကရင်တိုင်းရင်းသူ နော်မေဦးနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
Your browser doesn’t support HTML5