မြန်မာဆရာဝန်မတဦးရဲ့ ၈၈၈၈ ဒီမိုကရစီလှုပ်ရှားမှု နှစ် ၃၀ကြာ ပြန်ပြောင်းအမှတ်တရ

ဒေါက်တာ ဒေါ်ခင်စောဝင်း- ၈ လေးလုံး ဒီမိုကရစီလှုပ်ရှားမှုကြီးမှာ မြန်မာဆရာဝန်မ တဦးအနေနဲ့ ပါဝင်ခဲ့စဉ်

သြဂုတ်လ (၈) ရက်နေ့ ဟာ ၈ လေးလုံး ဒီမိုကရစီလှုပ်ရှားမှုကြီး ဖြစ်ပွါးခဲ့တဲ့ နှစ် (၃၀) ပြည့် အထိမ်းအမှတ်နေ့ ဘဲဖြစ်ပါတယ်။ ထိုစဉ်ကဆန္ဒပြ လှုပ်ရှားမှုကို အာဏာရှင်စစ်အစိုးရက နှိပ်ကွပ်ခဲ့လို့ အသက်ပေါင်းများစွာလဲဆုံးရှုံးခဲ့ရတာမို့ ဒီဖြစ်ရပ်ဟာနိုင်ငံ့အတွက် သမိုင်းသင်ခန်းစာ တရပ်ပါဘဲ။

အဲဒီ အရေးအခင်းကြီးမှာ တဒေါင့်တနေရာကနေ ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေထဲမှာ ထိုစဉ် ရန်ကုန်ဆေးရုံကြီးမှာတာဝန်ကျနေတဲ့ ဆရာဝန်မတဦးဖြစ်တဲ့ ဒေါက်တာ ဒေါ်ခင်စောဝင်း လဲပါဝင်ပါတယ်။

၈ လေးလုံး ဒီမိုကရစီလှုပ်ရှားမှုကြီးမှာ သူဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ။ သူ့ ဘဝကိုဘယ်လို အပြောင်းအလဲဖြစ်စေခဲ့ပါသလဲဆိုတာကို အခု ကနေဒါနိုင်ငံ Alberta ဆေးကောလိပ်မှာ ကထိက အဖြစ်တာဝန်ထမ်းဆောင်နေသူ ဒေါက်တာ ဒေါ်ခင်စောဝင်း ကိုဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာဆရာဝန်မတဦးရဲ့ ၈၈၈၈ ဒီမိုကရစီလှုပ်ရှားမှု နှစ် ၃၀ကြာ ပြန်ပြောင်းအမှတ်တရ