၂၀၁၆ Pulitzer ဆုရှင် အေပီသတင်းထောက် Esther Htusan

Public Service ဆိုတဲ့ လူထုအကျိုးပြု သတင်းယူမှုကဏ္ဍ Pulitzer ရွှေတံဆိပ်ဆုကို ဒီနှစ်အတွက် AP သတင်းဌာနက ဆုချီးမြှင့်ခံခဲ့ရပါတယ်။ Seafood from Slaves ဆိုတဲ့ ကျွန်တွေထံက ပင်လယ်စာ ဆိုတဲ့ ဒီသတင်းမှာ မြန်မာနိုင်ငံက အများစု ပါဝင်တဲ့ လူကုန်ကူးခံရသူတွေဟာ အင်ဒိုနီးရှားကျွန်းတကျွန်းမှာ ငါးဖမ်းသမားတွေအဖြစ် အတင်းအဓမ္မ ကျွန်ပြုခိုင်းစေခံခဲ့ရတဲ့အကြောင်းကို စုံစမ်း ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ အခုလို အဖြစ်မှန်ကို စုံစမ်းပြီး ကမ္ဘာကို တင်ပြနိုင်ခဲ့လို့ ကျွန်ပြုခံရသူပေါင်း ၂၀၀၀ ထောင်ကို ကယ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကို စုံစမ်းထောက်လှမ်းခဲ့ကြတဲ့ ဆုရှင် AP သတင်းထောက် ၄ ဦးစလုံးဟာ အမျိုးသမီးတွေဖြစ်ကြပြီး အဲဒီအနက်က တဦးဟာ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူ အက်စတာ ထူးဆန် ဖြစ်ပါတယ်။ သူ့ရဲ့ သတင်းယူမှု အတွေ့အကြုံနဲ့ ပတ်သက်လို့ အက်စတာ ထူးဆန်နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ပထမပိုင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။