မြန်မာနိုင်ငံရဲ့ ပူပြင်းလှတဲ့ နွေရာသီအတွင်း သောက်သုံးရေရှားပါး ပြတ်လပ်တဲ့နေရာတွေမှာ ပြည်သူတွေ ကို ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် Noble Heart ရှင်သန်ရေး ကူညီမှုအသင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ချီးကျူးလိုက်ပါတယ်။ မရွှေကြာဟာ အဲဒီအသင်းရဲ့ အတွင်းရေးမှူးဖြစ်ပါတယ်။ အသင်းရဲ့ ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မရွှေကြာကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
Your browser doesn’t support HTML5
ရှင်သန်ရေးကူညီမှုအသင်းရဲ့ ပရဟိတလုပ်ငန်းအကြောင်း မရွှေကြာရဲ့ပြောကြားချက်