အမျိုးသမီးတွေ ဆေးလိပ်သောက်ခြင်း အန္တရာယ်

  • Nandar Chann

ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးဝါးတာ စသဖြင့် အလေ့အကျင့်တွေကြောင့် ကမ္ဘာပေါ်မှာ သေဆုံးမှုနှုန်းဟာ သွေးတိုးရောဂါပြီးရင် ဒုတိယအများဆုံးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ပြောဆိုပါတယ်။ အထူးသဖြင့် ဆေးလိပ်နဲ့ ဆေးရွက်ကြီးအရောင်း ကုမ္ပဏီတွေက အမျိုးသမီးတွေ ဝယ်ယူအားပေးကြရအောင် ရည်ရွယ်ပြီး ကြော်ငြာလေ့ရှိတယ်ဆိုပြီး ဆေးလိပ်သောက်တဲ့ အန္တရာယ်အကြောင်း အမျိုးသမီးတွေ နိုးကြားမှုရှိစေဖို့ မေလ ၃၁ ရက်နေ့က WHO ရဲ့ ဆေးလိပ် ဆေးရွက်ကြီး ကို "NO" ဆိုပြီး လက်မခံကြဖို့နေ့မှာ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ ဆေးလိပ်သောက်ခြင်း အန္တရာယ်အကြောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ကနေဒါနိုင်ငံ Alberta ဆေးတက္ကသိုလ်မှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ခင်စောဝင်း ကို ဆက်သွယ်မေးမြန်းပြီး ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။