အမျိုးသမီး ကမ္ဘာ့ဖလား ဆွီဒင်နဲ့ အမေရိကန် ဆီမီးတက်

အမျိုးသမီး ကမ္ဘာ့ဖလား ဆွီဒင်နဲ့ အမေရိကန် ဆီမီးတက်

ဂျာမဏီမှာ ကစားနေကြတဲ့ ၂၀၁၁ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံး ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ ဆွီဒင်အသင်းနဲ့ အမေရိကန် အသင်းတို့ ဆီမီးဖိုင်နယ်ကို တက်သွားကြပါပြီ။

ဆွီဒင်နဲ့ သြစတြေးလျပွဲမှာ ဆွီဒင်က သြစတြေးလျကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပါတယ်။ အမေရိကန်နဲ့ ဘရာဇီး ပွဲမှာတော့ ပွဲပြီးချိန်မှာ ၁ ဂိုးစီ သရေကျနေကြနေလို့ အချိန်ပို ကစားခဲ့ရပါတယ်။

အချိန်ပို ပွဲစပြီး မိနစ်ပိုင်းမှာပဲ ဘရာဇီးက ၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း အကြိတ်အနယ် ဖိပြီး ကစားပါတယ်။ အချိန်ပို ပွဲပြီးဖို့ ၁ မိနစ်အလိုမှာတော့ အမေရိကန်က ၁ ဂိုး ပြန်သွင်းလိုက်တဲ့အတွက် နောက်ဆုံး ပင်နယ်တီ ကန်ခဲ့ပြီး ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ခဲ့ကြရတာပါ။ ပင်နယ်တီမှာ ဘရာဇီးက တဂိုးလွဲခဲ့တဲ့အတွက် အမေရိကန်က ဆီမီးတက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အမေရိကန်ဘက်က တယောက် အနီကတ်ပြ ထုတ်ခံခဲ့ရတဲ့အတွက် ၁၀ ယောက်တည်းနဲ့ ကစားခဲ့ကြရတာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေကိုတော့ ၁၃ ရက် ဗုဒ္ဓဟူးနေ့မှာ ကန်ကြမှာဖြစ်လို့ ဂျပန်နဲ့ ဆွီဒင်ကတပွဲ၊ ပြင်သစ်နဲ့ အမေရိကန်ကတပွဲ ကစားကြမှာ ဖြစ်ပါတယ်။