ကျောင်းသူလေး မသဲစိမ့်နဲ့ မေးမြန်းချက်

မသဲစိမ့်

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က အင်္ဂလိပ်စာ အဓိကကျောင်းသူ မသဲစိမ့်ဟာ အမေရိကန်ပြည်ထောင်စုမှာ အကြီးဆုံး အမျိုးသမီးတက္ကသိုလ်လို့ နာမည်ကြီးတဲ့ Minnesota ပြည်နယ် St. Paul မှာရှိတဲ့ St. Catherine တက္ကသိုလ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ global undergrad exchange program အစီအစဉ်အရ ၈ လကြာ လာရောက် ပညာဆည်းပူးနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ အမေရိကန် လာရောက် ပညာဆည်းပူးရတဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်လို့ မသဲစိမ့်ကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တွေ့ဆုံ မေးမြန်းပြီး တင်ဆက်ထားပါတယ်။