၂၅ နှစ်ပြည့်သွားတဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

Your browser doesn’t support HTML5

WLB စဖွဲ့ကတည်းကတည်းက တစိုက်မတ်မတ်ရပ်တည်လာခဲ့တဲ့ ကျား-မ တန်းတူညီမျှရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးရည်မှန်းချက်တွေ ပြည့်ဝတဲ့အခြေအနေမရောက်သေးပေမဲ့ ၂၅ နှစ်အတွင်း အမျိုးသမီးအရေး တိုးတက်ပြောင်းလဲလာအောင် အများကြီး စွမ်းဆောင်နိုင်ခဲ့ကြောင်း WLB ကပြောပါတယ်။

၂၅ နှစ်ပြည့်သွားတဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ စတင် ဖွဲ့စည်းခဲ့ချိန်ကစလို့ တစိုက်မတ်မတ် ရပ်တည်လာခဲ့တဲ့ ကျား-မ တန်းတူညီမျှရေးရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင် အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီရေးရည်မှန်းချက်တွေ ပြည့်ဝတဲ့အခြေအနေကို မရောက်သေးပေမဲ့လို့ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်း အမျိုးသမီးအခွင့်အရေး တိုးတက်ပြောင်းလဲမှုတွေရှိလာအောင် အများကြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်လို့ WLB ရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် နာဗစ်ဘွန်က ပြောပါတယ်။ တိုင်းရင်းသူအမျိုးသမီး အဖွဲ့အစည်းတွေနဲ့ စုပေါင်းထားတဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အဖြစ် ၂၅ နှစ်တိုင် ရပ်တည်လာခဲ့တဲ့ WLB ရဲ့ ဖြတ်သန်းမှုတချို့နဲ့အတူ လက်ရှိ ရပ်တည်ချက်နဲ့ အနာဂတ် မျှော်မှန်းချက်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက မေးမြန်း တင်ဆက်ထားပါတယ်။