AIDS ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု လျော့နည်းလာ

ဂရိနိုင်ငံ၊ အေသင်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် ပြင်ဆင်ထားမှု။ ဒီဇင်ဘာ ၁၊ ၂၀၁၄။

၂၀၁၅ ခုနှစ် ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေး နေ့အတွက် Getting to Zero ရောဂါဖြစ်ပွားမှုပပျောက်ပြီး သုည အမှတ်ရောက်ရေး ဦးတည်ဆောင်ရွက် ချက်အရ ဒီရောဂါကြောင့် ၂၀၀၀ ခုနှစ်ကစပြီး ကူးစက်မှု ၃၅% လျော့ကျလာအောင် ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနစ်ရောဂါဖြစ်မှု အမြင့်ဆုံး အချိန်ကစကြည့်ရင် ရောဂါကြောင့် သေဆုံးမှု ၄၂% ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ခရီး တလျှောက် ရောဂါရှိသူတွေရဲ့ သွေးထဲက ကူးစက်ပိုးပမာဏလျော့ကျပြီး တခြား သူတွေကို ရောဂါမကူးအောင် ဆေးဝါးကုသနိုင်ပြီး သင့်လျော်တဲ့ ဆေးကုသမှုတွေနဲ့ HIV ရောဂါရှိသူတွေ သက်တမ်းပိုရှည်အောင်ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

နေ့စဉ် ဆေးတလုံးသောက်ခြင်းအားဖြင့် HIV ရောဂါပိုး မရှိသေးသူတွေ ကို ရောဂါကူးစက်မှုကနေ အကာအကွယ်ပေးနိုင်တယ်လို့ အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး အချိုးအကွေ့တခုဖြစ်အေင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ HIV/AIDS ဆိုင်ရာ ရောဂါသုတေသနလုပ်ငန်းတွေ နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ အမျိုးသား ကျန်းမာရေးအဖွဲ့ NIH က Dr. Anthony Fauci ကပြောဆိုလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ HIV ရောဂါစွဲကပ်နေသူပေါင်း ၃၇ သန်း ရှိတဲ့အထဲက တနှစ်ကို လူ ၁သန်းလောက်သေဆုံးမှုရှိပြီး ၂ သန်းလောက် ရောဂါကူးစက်တဲ့ဒဏ် ခံစားနေ ရပေမဲ့ အာဖရိကတောင်ပိုင်း သဲကန္တာရဒေသမှာ ရောဂါတိုက်ဖျက်ရေးအတွက် တိုးတက်အောင်မြင်မှုတွရှိခဲ့ပါတယ်။