ကမ္ဘာ့စစ်တုရင် ချန်ပီယံ

Magnus Carlsen

နော်ဝေနိုင်ငံသား Magnus Carlsen ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်တုရင်သမားနေရာကို ဆက်လက်ထိန်းသိမ်းလိုက်ပါတယ်။

လန်ဒန်မှာကျင်းပတဲ့ ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာ အမေရိကန်က Fabiano Caruana ကို 3-0 နဲ့အနိုင်ရခဲ့တာပါ။သူတို့နှစ်ဦးရဲ့ နောက်ဆုံးအဆင့်ကစားပွဲတွေမှာ ၁၂ပွဲသရေကျပြီး တပွဲကို အချိန်၇နာရီအထိကြာ ခဲ့ပါတယ်။

Magnus Carlsenအခုလိုအနိုင်ရခဲ့တဲ့အတွက် ဒေါ်လာ၆သိန်း၂သောင်းတထောင်ဆုငွေရရှိမှာဖြစ်ပြီး Fabiano Caruanaကတော့ ဒေါ်လာ၅သိန်း၈ထောင်ရရှိမှာပါ။

၁၉၇၂ခုနှစ်တုန်းက ဆိုဗီယက်ယူနီယံက စစ်တုရင်ချန်ပီယံ Boris Spassky ကို အမေရိကန်က Bobby Fischerက အနိုင်ရခဲ့ပြီးနောက်ပိုင်း ကမ္ဘာစစ်တုရင်ချန်ပီယံအဖြစ်အမေရိကန်က သူပဲ ဖြစ်လာလိမ့်မယ်လို့ Fabiano Caruana ကမျှော်လင့်နေခဲ့တာပါ။

Your browser doesn’t support HTML5

ကမ္ဘာ့စစ်တုရင် ချန်ပီယံသစ်