ပွဲပြီးလုနီးမှ ဂျာမနီက ဆွီဒင်ကို အနိုင်ဂိုးသွင်း

ဆွီဒင် ဂိုးသမား Robin Olsen နဲ့ ဂျာမနီအသင်းက Toni Kroos သွင်းတဲ့ ဒုတိယဂိုး။

ဇွန်လ၂၃ ရက်နေ့က ကစားကြတဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ခုမှာတော့ အုပ်စု G က ဘယ်လ်ဂျီယံနဲ့ တူနီးရှား အသင်း အရင်ဆုံးကစားရာမှာ ဘယ်လ်ဂျီယံက တူနီးရှားကို (၅ ဂိုး- ၂ ဂိုး) နဲ့ အနိုင်ရသွားပါတယ်။ ပွဲစပြီး (၆) မိနစ်မှာ ဘယ်လ်ဂျီယံဘက်က ပယ်နယ်လ်တီ စရပြီး ပထမဂိုးကို Eden Hazard က သွင်းလိုက်တာပါ။ ဘယ်လ် ဂျီယံ ဒုတိယဂိုးကိုတော့ နာမည်ကျော် ကစားသမား Lukaku က (၁၆) မိနစ်မှာ သွင်းယူခဲ့ပြီး တူနီးရှားဘက်က ချေပဂိုးကိုတော့ Dylan Bronn က (၁၈) မိနစ်မှာ ပြန်သွင်းခဲ့ပါတယ်။

ဒုတိယပွဲဖြစ်တဲ့ အုပ်စု F က မက္ကဆီကိုနဲ့ တောင်ကိုရီးယားတို့ ပွဲမှာတော့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး မက္ကဆီကို က (၂ ဂိုး-၁ ဂိုး) နဲ့ နိုင်သွားပါတယ်။ အဝင်အထွက် ခပ်ကြမ်းကြမ်း ကစားခဲ့လို့ ပွဲစပြီး (၂၆) မိနစ်မှာ မက္ကဆီကိုအသင်းက ပယ်နယ်လ်တီ သွင်းခွင့် ရသွားပါတယ်။ အဲဒီဂိုးကိုတော့ Carlos Vela က အပိုင်သွင်းယူ နိုင်ခဲ့ပါတယ်။ (၆၆)မိနစ်မှာ မက္ကဆီကိုဘက်က နောက်ထပ်တဂိုး သွင်းနိုင်ခဲ့ပြီး မိနစ် (၉၀) ဒုတိယပိုင်းပြီးလို့ အချိန်ပို (၃) မိနစ် အတွင်းမှာတော့ တောင်ကိုရီးယားဘက်က တလုံးတည်းသော ခြေပဂိုးကို တိုက်စစ်မှူး Son Heung Min က သွင်းခဲ့ပါတယ်။

စနေည ပွဲစဉ်တွေထဲက စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးလို့ပြောရမယ့် လက်ရှိ ကမ္ဘာ့ ချန်ပီယံ ဂျာမနီနဲ့ ဆွီဒင်အသင်းတို့ ကစားရာမှာတော့ ပွဲစပြီး (၃၂) မိနစ်မှာ ဆွီဒင်အသင်း က Ola Toivonen က ပထမဂိုးသွင်း လိုက်တာကြောင့် ဂျာမနီအသင်းကို အားမလို အားမရ ဖြစ်ခဲ့ကြပါတယ်။ (၄၈) မိနစ်မှာ ဂျာမနီဘက်က ချေပဂိုးကို Marco Reus က သွင်း ခဲ့ပြီး ပွဲပြီးခါနီးမှာ ဂျာမနီအသင်းက Boateng ကို အနီကဒ်ပေးပြီး ထုတ်လိုက်တာကြောင့် ဂျာမနီအသင်းဟာ လူ (၁၀) ယောက်တည်းနဲ့ပဲ ဆက်လက်ယှဉ်ပြိုင်ရပါတယ်။

ဘောလုံးနည်းပညာကို ထုတ်သုံးရင်း ဆော့သွားတဲ့ ဂျာမနီအသင်းက နောက်ဆုံးမှာ (၂ ဂိုး -၁ ဂိုးနဲ့) ဆွီဒင်ကို နိုင်သွားပါတယ်။ တနင်္ဂနွေ ဒီကနေ့ည ကစားမယ့်ပွဲတွေက အင်္ဂလန်နဲ့ ပနားမား ၊ ဂျပန်နဲ့ ဆင်နီဂေါ၊ ပိုလန်နဲ့ ကိုလံဘီယာ အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပွဲပြီးလုနီးမှ ဂျာမနီက ဆွီဒင်ကို အနိုင်ဂိုးသွင်း