နယ်သာလန်နဲ့ ကော့စ်တာရီကာ အသင်းတွေ ကွာတားဖိုင်နယ်တက်

Costa Rica အသင်း ဂိုးသမား Keilor Navas (ဂျွန် ၂၉၊ ၂၀၁၄)

ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပွဲတွေမှာတော့ နယ်သာလန်နဲ့ ကော့စတာရီကာ အသင်းတွေ ကွာတားဖိုင်နယ်ကို တက်သွားပါတယ်။

ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်တွေကို တနင်္ဂနွေနေ့က ကစားကြတဲ့ Fortaleza မှာတော့ နယ်သာလန်က မက္ကဆီကိုအသင်းကို ပွဲပြီးခါနီးသွင်းတဲ့ ဂိုးတွေနဲ့ နောက်ဆုံးမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာ ၂ သင်းစလုံး ဂိုးမရှိသရေကျခဲ့ပြီး အဖွင့်ဂိုးကိုတော့ မက္ကဆီကို တိုက်စစ်မှူး Giovanni dos Santos က ၄၈ မိနစ်မှာ သွင်းခဲ့တာပါ။ နယ်သာလန်အသင်းချေပဂိုးရဖို့ တိုက်စစ်ကို အရှိန်မြှင့်ခဲ့ပေမယ့် ရာသီဥတုပူလွန်းတာရယ်၊ မက္ကဆီကို နောက်တန်းနဲ့ ဂိုးသမားတို့ကောင်းလွန်းတာကြောင့် တော်တော်နဲ့ချေပဂိုးမရခဲ့ပါဘူး။ နယ်သာလန်အတွက် ချေပဂိုးကိုတော့ ၈၈ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောလုံးကို ရှနိုက်ဒါးက ဂိုးဧရိယာထိပ်တည့်တည်ကနေ Volley ကန်သွင်းသွားတာပါ။ နယ်သာလန်အတွက် အနိုင်ဂိုးကိုတော့ ဒဏ်ရာအချိန်ပို ၃ မိနစ်မှာ ရော်ဘင်ကြောင့်ရတဲ့ ပယ်နယ်တီကနေ တဆင့် Huntelaar က သွင်းသွားတာပါ။

Recife မှာ ကစားတဲ့ ဂရိနဲ့ ကော့စတာရီကာ ပွဲမှာတော့ အချိန်ပိုပြီးတဲ့အထိ ၁ ဂိုးစီ သရေကျနေတာကြောင့် ပယ်နယ်တီကန်တာမှာ ကော့စတာရီကက အနိုင်ရသွားပြီး ပထမဆုံးအကြိမ် ကွားတာဖိုင်နယ် တက်သွားပါတယ်။ ကော့စတာရီကာအတွက် ပထမဂိုးကို Ruiz က ၅၂ မိနစ်မှာ သွင်းယူခဲ့တာပါ။ ၆၆ မိနစ်မှာတော့ ကော့စတာရီကာ က Duarte ၂ ဝါ ၁ နီ နဲ့ ထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက်ဂရိအတွက် ချေပဂိုးကိုတော့ ဒဏ်ရာရအချိန်ပို ၁ မိနစ်မှာ ပါပါစတာတို ပူးလို့စ်က သွင်းခဲ့တာပါ။ အဲဒီနောက် အချိန်ပိုမှာတော့ ၂ သင်းစလုံး ဂိုးမသွင်းနိုင်ကြတာကြောင့် နောက်ဆုံးပယ်နယ်တီကန်တာမှာ ကော့စတာရီကာက ၅ ဂိုး ၃ ဂိုး နဲ့ နိုင်ပြီး ကော့စတာရီကာအသင်းဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်သွားတာဖြစ်ပါတယ်။

ကိုစတာရီကာ နဲ့ဂရိ၊ နယ်သာလန်နဲ့ မက္ကဆီကို သတင်းဓာတ်ပုံများ။