မြန်မာ့ရှေးဟောင်းမြို့ကြီးတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် မှတ်တမ်းတင်နိုင်ရေး စပြီး ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံရဲ့ ရှေးခေတ်လက်ရာ အနုပညာတွေ ထွန်းကားတဲ့ မြို့တော်ဟောင်းတွေကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်လို့ သတ်မှတ်တဲ့ စာရင်းဝင်ဖို့အတွက် စတင်ဆောင်ရွက်နေပါပြီ။ အဲဒီလို ဆောင်ရွက်ရာမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ ဘယ်လို အချက်တွေ နဲ့ ပြည့်စုံရမှာလဲဆိုတာကို မန္တလေး ရတနာပုံ တက္ကသိုလ်က ရှေးဟောင်းသုတေသန ဌာန ပါမောက္ခ ဒေါက်တာဦး သာထွန်းမောင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်လို့ သတ်မှတ်သင့်တဲ့ နေရာအဖြစ် စာရင်းဝင်ပြီး ထိမ်းသိမ်းရမယ့်နေ ရာ မြန်မာနိုင်ငံမှာ ရှိနေပါသလား။
ကမ္ဘာပေါ်က ထူးခြားတဲ့ အဆောက်အအုံတွေ၊ ယဉ်ကျေးမှုနဲ့ ရှေးဟောင်းအမွေအနှစ် လက်ရာတွေ အတွက် ကုလသမဂ္ဂက စီစဉ်ပြီး နိုင်ငံ ပေါင်း ၂၁ နိုင်ငံပါဝင်တဲ့ ကော်မတီက World Heritage Site လို့ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထိန်းသိမ်းပါတယ်။
“World Heritage Committee ဆိုတာရှိပါတယ်။ ကမ္ဘာ့အမွေအနှစ် ထိမ်းသိမ်းရေးကော်မတီပါ။ ၁၉၇၂ ခုနှစ်က UN ကုလသမဂ္ဂ UNESCO ကနေ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာရှိတဲ့ Cultural heritage နဲ့ Natural heritage ပေါ့လေ၊ ဒီသဘာ၀ အမွေအနှစ်နဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျက်စီးအောင် ထိန်းသိမ်းကာကွယ်ဖို့ ရည်ရွယ်ပြီးတော့ ဖွဲ့စည်းတာဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းက ကမ္ဘာမှာ အကာအကွယ်ပေးထားတဲ့၊ တနည်းအားဖြင့် ဒီ World Heritage Committee က သဘာဝအမွေအနှစ်အတွက်ရော ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဆိုက် (Site) က ၂၀၀၆ ခုနှစ်အထိကတော့ တကမ္ဘာလုံးမှာ အခု ၈၀၀ လောက်ရှိတယ်လို့ ပြောပါ တယ်။ မြန်မာနိုင်ငံမှာကတော့ အခုမှစပြီးတော့ ဒီ အဖွဲ့ထဲကို ဝင်ကြမှာပေါ့လေ။ အခုမှစပြီး report လုပ်ထားတာပေါ့”
မန္တလေး ရတနာပုံ တက္ကသိုလ်က ရှေးဟောင်းသုတေသန ဌာန ပါမောက္ခ ဒေါက်တာဦး သာထွန်းမောင်ပါ။
ထိန်းသိမ်းဖို့ သတ်မှတ်ထားတဲ့ ကမ္ဘာ့အမွေအနှစ် နေရာပေါင်းဟာ ကုလသမဂ္ဂက ဦးစီးစောင့်ရှောက် လာခဲ့တာ နှစ်ပေါင်း ၄၀ ရှိလာတဲ့ ၂၀၁၂ ခုနှစ်မှာ နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှာ ၉၆၂ ခုရှိပြီဖြစ်ပါတယ်။ အဲဒီ ထဲမှာ ယဉ်ကျေးမှုအမွေအနှစ်က ၇၄၅ ခုရှိပြီး သဘာ၀ အမွေအနှစ်က ၁၈၈ ခု ပါဝင် ပါတယ်။
ဒီလို စာရင်းဝင်ဖြစ်လာဖို့ ပထမဆုံး လျှောက်ထားချင်တဲ့ နိုင်ငံက လျှောက်ထားချင်တဲ့ နေရာအတွက် မှတ်တမ်းပြုစု စာရင်းပေးရပါတယ်။ Tentative List လို့ခေါ်တဲ့ ယာယီစာရင်းမှာ ပါသွားရင် အဲဒီ စာရင်းကို အမည်စာရင်းတင်သွင်းတဲ့ Normination File ထဲပါသင့် မပါသင့် ရွေးပြီး ပါသွားရင် အကြံပေးအဖွဲ့တွေက အဆင့်ဆင့် စစ်ဆေးပေးရပါတယ်။ နောက်ဆုံးမှ နိုင်ငံတကာကော်မတီက ဆုံးဖြတ်ချက်ချပြီး ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ရွေးချယ်တာပါ။
ဒီလိုအရွေးခံရဖို့ အတွက် မြန်မာနိုင်ငံကနေ တင်သွင်းထားတာ ၁၉၉၆ခုနှစ်မှာ Tentative List အဖြစ် ယာယီစာရင်းဝင်တဲ့ နေရာ ၈ နေရာ ရှိပါတယ်။
ဟိုရှေး အထက် မြန်မာမြို့ကြီးတွေဖြစ်တဲ့ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်းနဲ့ မန္တလေးမြို့ကြီးတွေ ပါဝင်သလို မွန်ဘုရင်တွေ တည်ထားတဲ့ ပခိုးနဲ့ ဟံသာဝတီတွေပါ ပါပါတယ်။ နောက် အင်းလေး ကန်ကြီးနဲ့ ကျောက်ခေတ်လက်ရာတွေရှိတဲ့ ပြဒါးလင်းဂူနဲ့ ဝန်းကျင်ကဂူတွေ၊ ပုဂံခေတ် လက်ရာတွေ ရှိတဲ့ ပုဂံ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးက ရှေးလက်ရာတွေအပြင် ရွှေကျောင်းတော်ကြီး အပါအဝင် ကုန်းဘောင်ခေတ်က ဘုန်းတော်ကြီးကျောင်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ပျူခေတ်က လက်ရာတွေလည်းပါတယ်လို့ ပါမောက္ခ ဦးသာထွန်းမောင်က ပြောပါတယ်။
“ကျွန်တော် သိရသလောက်ကတော့ မြန်မာနိုင်ငံမှာ ပျူဆိုက် (site) တွေလို့ ကျွန်တော်ကြားပါတယ်။ ဒီ ဗိဿနိုးတို့ သရေခေတ္တရာတို့၊ ဟန်လင်းတို့ ကို world heritage အတွက် အဆိုပြုထားတယ်လို့ သိရပါတယ်”
မြန်မာနိုင်ငံ လို့ပြောလိုက်ရင် အများသိကြတာက ပုဂံပေါ့နော်။ ဆရာက သမိုင်းပညာရှင် တယောက် အနေနဲ့ ဒီ ပုဂံနဲ့ပျူကို တကယ်လို့ ရွေးကြစတမ်းဆိုရင် ဘယ်ဆိုက်ကို ပိုရွေးသင့်တယ်လို့ ဆရာ ထင်ပါသလဲ။
“ဒါက အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်တော့ တန်ဖိုး (value) က နှစ်ခုစလုံး ရှိတာ ပါပဲ။ နှစ်ခုစလုံး ရှိတဲ့နေရာမှာ ပုဂံကတော့ ကျနော် ထင်တယ်။ လူအများကလည်း အတော်လေး စိတ်ဝင်စားပြီး ဖြစ်တယ်။ နောက် တန်ဖိုးထားပြီးသား ဖြစ်တယ်။ နောက်ပြီးတော့ ပုဂံကို အဓိက အားဖြင့် ကျနော်တို့က အာရုံစိုက်ပြီးတော့ ဂရုစိုက်ကြတာပေါ့လေ။ အဲဒီတော့ ပြုပြင်ထိမ်းသိမ်းမှုတွေ ကလည်း ပုဂံမှာ အတော်အသင့် ရှိ ပါတယ်။ ဒါပေမယ့် ပျူဆိုက်တွေကတော့ အဲဒါနဲ့ နည်းနည်းလေး အလှမ်းဝေးနေသေးတယ်လို့ ထင်ပါတယ်။
အထူးသဖြင့် ကျနော် သိရသလောက်ကတော့ အဲဒီ ဟန်လင်းတို့ ဘာတို့ကို ပျူသာ ပြောပါတယ်။ ဆိုလိုတာက ပျူဆိုတာက ပုဂံမတိုင်ခင်က ရှိခဲ့တာလေ။ ပျူမက ပျူ့ထက်စောတဲ့ တခြား ရှေးဦး ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တဲ့ နေရာဖြစ်တယ်ဆိုတာကိုလည်း အခု နောက်ပိုင်း တူးဖော်မှုတွေ အရ သိရပါတယ်။ အဲဒီတော့ တန်ဖိုးအားဖြင့်ပြောရင်တော့ ပုဂံဆိုရင်တော့ ပညာဘက်ဆိုင်ရာ နယ်ပယ်ထဲ မှာပြောရင်တော့ historic site ပေါ့ဗျာ။ ပျူကတော့ proto historical site ပေါ့။ အဲတော့ဟန်လင်း မှာ proto -history အပြင် pre-history ပေါ့။ ကျောက်ခေတ်နဲ့ ပတ်သက်တာလည်း ရှိတယ်။ ပျူနဲ့ ပတ်သက်တာလည်း ရှိတယ်။ နောက်အဲဒီ ကျောက်ခေတ်နဲ့ ပျူခေတ်ကြားမှာရှိတဲ့ ကြေးခေတ်နဲ့ဆိုင်တဲ့ အထောက်အထားတွေလည်း ရှိတယ်။ ဟန်လင်းသည် တနည်းအားဖြင့်ပြောရရင် cultural succession ဆိုတာပေါ့။ continuity ယဉ်ကျေးမှုအားဖြင့် အဆင့်ဆင့် ဆက်နေတဲ့နေရာ တနေရာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ တန်ဖိုးကြီးမားပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ကျနော်တို့က ပုဂံလိုမျိုး အနုပညာ ဗိသုကာ လက်ရာ ဘာညာတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ယဉ်ကျေးမှုအဆင့်အားဖြင့် ပြောရင်တော့ အဲဒီ နှစ်ဆင့်၊ သုံးဆင့်လောက်ကို ဟန်လင်းမှာ တွေ့ရမယ်ခင်ဗျ”
ဟုတ်ကဲ့ပါဆရာ။ ပျူလက်ရာတွေကို မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ အဓိက တွေ့ပါလဲ။ ဘယ်နှစ်နေရာလောက်မှာ တွေ့ပါသလဲ။
“အဓိကအားဖြင့်တွေ့ရတာကတော့ ဗိဿနိုးရယ်၊ တောင်တွင်းကြီးနားကပေါ့ခင်ဗျ။ နောက် သရေခေတ္တရာက ပြည်နားမှာပါ။ ဟန်လင်းကတော့ ရွှေဘိုနားမှာ ရှိပါတယ်။ ရွှေဘို့အရှေ့ဘက် မိုင် ၂၀ လောက် အကွာမှာ ရှိပါတယ်။ နောက်တနေရာက မိုင်းမောဆိုတဲ့ နေရာပါ။ ပင်လယ်မြို့ လို့ လည်း ခေါ်ပါတယ်။ သူက ကူမဲမြို့နားမှာရှိပါတယ်။ နောက်ပြီး ဝထီး-ဆိုတာ တခုရှိပါတယ်။ ဝထီးကတော့ နထိုးကြီးမြို့နယ် နားမှာပါ။ ဒါပေမယ့် ဝထီးနဲ့မိုင်းမောမှာ အထောက်အထား (evidence) ကတော့ ဟန်လင်းတို့၊ ဗိဿနိုးတို့၊ သရေခေတ္တရာ တို့လောက် မများပါဘူး။
ဒီအထဲမှာ အထင်ရှားဆုံးကို ပြောရရင်တော့ ဗိဿနိုးရယ်၊ သရေခေတ္တရာရယ်၊ ဟန်လင်း ရယ် ဖြစ်ပါတယ်”
အခုလို မြန်မာနိုင်ငံက ရှေးဟောင်း အမွေအနှစ်တွေကို ကမ္ဘာ့အဆင့် သတ်မှတ်ထိမ်းသိမ်းလာမယ် ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ကိုခံစားရမှာပါလဲ။
“အကျိုးရှိမှာကတော့ အချက် သုံးချက်လောက်တွေ့ရပါတယ်။ တခုကတော့ ဒီ နည်းပညာဆိုင်ရာ အထောက်အပံ့တွေ ရလာမှာပါ။ ရှေးဟောင်း ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းမလဲ။ စည်းနဲ့ကမ်းနဲ့ စံနစ်တကျ ဘယ်လိုထိမ်းသိမ်းမလဲ။ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ ရလာမယ်။ နံပါတ်နှစ် က ငွေကြေးပိုင်းဆိုင်ရာ အထောက်အပံ့ရလာမယ်။ နံပါတ်သုံးက ဘာအကျိုးရှိလာမလဲဆိုတော့- ဒီ world heritage ထဲ ဝင်သွားခြင်း အားဖြင့် tourism မှာ ပိုပြီးတော့ ဆွဲဆောင်မှု ရှိလာနိုင်ပါတယ်။ အဲဒီ အကျိုးဆက်သုံးခုအနေနဲ့ မြန်မာနိုင်ငံမှာ ရလာမှာ ဖြစ်ပါတယ်။
ပြီးတော့ သူတို့ပေးမယ့် နည်းပညာဆိုင်ရာ အကူအညီထဲမှာ ရှေးဟောင်းပစ္စည်းတွေ တာရှည်အောင် ဘယ်လို ထိမ်းသိမ်းမလဲဆိုတာ တဘက်ကပါသလို နောက်တခုကလည်း အန္တရာယ် ကြုံတွေ့နေရချိန် မျိုးမှာ emergency ပေါ့လေ။ အရေးပေါ် အထောက်အပံ့တွေ အများကြီး ရလာနိုင်ပါတယ်။ ဒါကြောင့် မို့ တကယ်လို့များ ကျနော်တို့ဆီက cultural site တွေက world heritage အဖြစ်နဲ့ သတ်မှတ်တာ ခံရမယ် ဆိုရင် မြန်မာနိုင်ငံအတွက် အများကြီး အကျိုးရှိလာနိုင်ပါတယ်လို့ ပြောချင်ပါတယ်။”
ရှေးဟောင်းသုတေသန ပါမောက္ခ ဒေါက်တာဦးသာထွန်းမောင်ပါ။ ရှေ့တပတ်မှာတော့ နည်းပညာ ဆိုင်ရာမှာ ဘယ်လို အထောက်အပံ့တွေ ရလာနိုင်မယ် ဆိုတာကို ဆက်ပြီးပြောပြပေးမှာပါ။