ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်မှုပြဿနာ

ဖိလစ်ပိုင်ရှိ မိခင်တွေနဲ့ သူတို့ရဲ့ ကလေးငယ်များ (၁၁ ဇူလိုင် ၂၀၁၂)

ကုလသမဂ္ဂရဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ ဆယ်ကျော်သက် အရွယ်တွေ ကိုယ်ဝန်ဆောင်မှု ပြဿနာဟာ ဒီကနေ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အဓိကပြဿနာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာမှာ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ဒီပြဿနာနဲ့ပတ်သက်လို့ အခု သီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။