[[Zawgyi/Unicode]]
ပြီးခဲ့တဲ့နှစ် အရှေ့အာရှ၊ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လေထုညစ်ညမ်းမှုအဆင့် စံချိန်တင်ခဲ့တယ်လို့ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေးစစ်ဆေးတဲ့ IQAir အဖွဲ့ လေ့လာချက်တွေက ဖော်ပြပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ဒေသတွင်းမြို့ပြတွေမှာနေထိုင်သူ သန်းနဲ့ချီပြီး မကြာခဏ ရင်ကြပ်တာ၊ လည်ပင်းနာတာနဲ့ မျက်စိစပ်တာမျိုးတွေ ခံစားခဲ့ကြရတယ်လို့ ဒီလေ့လာချက်က ဖော်ပြပါတယ်။
ဒေသတွင်း လေထုအရည်အသွေး အနိမ့်ဆုံးအဆင့် ကျဆင်းပြီး လေထုထဲ အမှုန် အမွှားတွေကြောင့် လူတွေရဲ့အဆုတ်နဲ့ သွေးကြောတွေကို တိုက်ရိုက်ထိခိုက်မှုရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီအဖွဲ့က သုတေသနပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်အချက်အလက်တွေအရ ဘင်္ဂလားဒေ့ရှ်ဟာ လေထုညစ်ညမ်းမှု အဆိုးဆုံး PM 2.5 အဆင့်ရှိပြီးတော့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကတော့ လေထုညစ်ညမ်းတဲ့ မြို့တော်တွေစာရင်းရဲ့ အောက်ဆုံးမှာရှိပါတယ်။ ချဒ်၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ အိန္ဒိယတို့လည်း လေထုအရည်အသွေး အဆိုးဆုံး ၅ နိုင်ငံစာရင်းထဲပါဝင်ပါတယ်။
လေထုအရည်အသွေး သန့်စင်မှုရှိတဲ့ ဒေသတွေမှာတော့ ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းနဲ့ ပြင်သစ်ပိုင်နက် New Caledonia ရဲ့ မြို့တော် Noumea တို့က ထိပ်ဆုံးမှာရှိပါတယ်။ လေထုအရည်အသွေးကောင်းတဲ့ တခြားနေရာတွေကတော့ ကာရေဘီယံဒေသက U.S. Virgin Islands နဲ့ Puerto Rico ၊ အာဖရိကကမ်းလွန် အတ္တလန္တိတ်မှာရှိတဲ့ Cape Verde တို့ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ IQAir နှစ်စဉ် အစီရင်ခံစာကို နိုင်ငံ၊ ဒေသတွေနဲ့ နယ်မြေပေါင်း ၁၁၇ ခုက မြို့ပေါင်း ၆,၄၇၅ မြို့တို့က လေထုအရည်အသွေး PM 2.5 ကို အခြေခံ ဆန်းစစ်ထားတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
တောင်အာရှဒေသ အန္တရာယ်အရှိဆုံးလေထုညစ်ညမ်းအဆင့်မှာရှိနေဟု စစ်တမ်းတရပ်ဖော်ပြ
===========
[[Unicode]]
===========