နှစ်ပေါင်း ၅၀ နီးပါးအတွင်း သက်ရှိ ၆၉% ပျောက်ကွယ်ခဲ့ 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ WWF ၂၀၂၂ ခု၊ အစီရင်ခံစာ (Crd: WWF)

[[Zawgyi/Unicode]]

ကမ္ဘာပေါ်က လူသားတွေအပါအဝင် သက်ရှိအားလုံးအတွက် အန္တရာယ်ကြီး ကြုံတွေ့နေရတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်နေတဲ့ WWF က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း သက်ရှိမျိုးစိတ်တွေရဲ့ အရေအတွက် ၆၉% ပျောက်ကွယ်သွားခဲ့တယ်လို့ ကမ္ဘာပေါ်က သက်ရှိမျိုးကွဲမျိုးစုံ ရှင်တွဲနေထိုင်မှုနဲ့ ကမ္ဘာကြီးရဲ့အခြေအနေတွေကို WWF ကအပြည့်အစုံ လေ့လာ အစီရင်ခံစာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ နို့တိုက်သတ္တဝါတွေ၊ ငှက်တွေ၊ ငါးတွေ၊ တွားသွားသတ္တဝါတွေနဲ့ ကုန်းနေရေနေသတ္တဝါတွေစတဲ့ သဘာဝတောရိုင်းသတ္တဝါအရေအတွက်ဟာ ၁၉၇၀ ခုနှစ်ထဲကစလို့ ၇၀% နီးပါး ကျဆင်းသွားခဲ့တယ်လို့ ထောက်ပြထားပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုကြောင့် ခုလို မြန်မြန်ဆန်ဆန်နှုန်းနဲ့ သက်ရှိတွေ ပျောက်ကွယ်ကုန်တာကို ရပ်သွားအောင် လူသားတွေအနေနဲ့ အရေးတယူဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုနဲ့ ခုလို သဘာဝသက်ရှိတွေ အန္တရာယ်ကြုံနေရတာဟာ သဘာဝပတ်ဝန်းကျင် အရေးတခုပဲ မဟုတ်တော့ဘဲ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေး၊ လူမှုရေးအားလုံးအပေါ် သက်ရောက်နေတယ်လို့ WWF က သတိပေးပါတယ်။

သဘာဝသက်ရှိတွေ ဆုံးရှုံးနေတဲ့ အခြေအနေပြောင်းလဲသွားအောင် လက်တွေ့ ဆောင်ရွက်မှုတွေ အရေးပေါ်လုပ်ဖို့ လိုအပ်နေတယ်လို့လည်း ထပ်ပြီး တိုက်တွန်းထားပါတယ်။ လူတွေဆက်လုပ်နေတဲ့ သစ်တောရှင်းတာ၊ သဘာဝအရင်းအမြစ်တွေကို အလွန်အကျွံ သုံးစွဲနေတာနဲ့ စက်ယန္တယားကြီးတွေသုံး လေထုညစ်ညမ်းစေတာတွေကြောင့် အခုလိုဖြစ်လာတာအတွက် ပြန်ပြင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဒီသိပ္ပံပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

Your browser doesn’t support HTML5

နှစ်ပေါင်း ၅၀ နီးပါးအတွင်း သက်ရှိ ၆၉% ပျောက်ကွယ်ခဲ့.mp3

=================

[[Unicode]]




