တရုတ်သမ္မတ အာဖရိကနိုင်ငံများ ခရီး

တရုတ်သမ္မတ ရှီနဲ့ အဘူဒါဘိုင် အိမ်ရှေ့စံ Sheikh Mohamed bin Zayed Al Nahyan

အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ တိုးလာနေတဲ့ တရုတ်သမ္မတ XI Jingping ဟာ လေးနိုင်ငံ အလည်အပတ်ခရီးစဉ်နဲ့ အာဖရိက ကို ဒီကနေ့ ဆိုက်ရောက်ပါတယ်။ အာဖရိကတိုက်နိုင်ငံတွေနဲ့ စစ်ရေးနဲ့ စီးပါွးရေး ဆိုင်ရာ အလေးအနက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး ခုလို ရောက်ရှိ လာတာပါ။

တရုတ်နိုင်ငံမှာ သမ္မတသက်တမ်း ကန့်သတ်ချက်တွေကို ပြီးခဲ့တဲ့မတ်လက ပယ်ဖျက်ပြီး နောက်ထပ် သက်တမ်း အတွက် အရွေးခံလိုက်ရတဲ့ အချိန်ကစပြီး ဒါဟာသမ္မတ ရှီရဲ့ ပထမဆုံး ပြည်ပခရီးစဉ်လည်းဖြစ်ပါတယ်။ တရုတ် နိုင်ငံဟာ အာဖရိကရဲ့ အကြီးဆုံးကုန်သွယ်ဖက်လည်းဖြစ်သလို အာဖရိကဦးချိုလို့ခေါ်တဲ့ Djibouti နိုင်ငံမှာ ပထမဆုံး တရုတ် စစ်အခြေစိုက်စခန်းကို မနှစ်က ဖွင့်လှစ်ခဲ့တာပါ။

တခါ တရုတ်တို့ကျောထောက်နောက်ခံပေးထားတဲ့ အာဖရိကရဲ့ အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုံတခု ကိုလည်း ဒီလမှာ စတင်မှာဖြစ်ပါတယ်။ လတ်တလောနှစ်တွေမှာ အမေရိကန်တို့ထက်သာလွန်ပြီး အာဖရိက ဘက်ကို လက်နက်ရောင်းချပေးခဲ့တဲ့ တရုတ်ဟာ အာဖရိကက ဒါဇင်နဲ့ စစ်ဘက် အရာ ရှိတွေကို တရုတ်- အာဖရိက ကာကွယ်ရေးဆိုင်ရာ ပထမဆုံးဖိုရမ်ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

တောင်အာဖရိကမှာ လာမယ့် ဗုဓ္ဒဟူးနေ့မှာ စတင်မယ့် BRICS လို့ခေါ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပါဝင်တဲ့ စီးပွားရေး အင်အားကောင်းစ နိုင်ငံတွေရဲ့ ထိပ်သီးစည်းဝေးပွဲကို မတက်ရောက်ခင် Senegal နဲ့ Rwanda နိုင်ငံတွေကိုလည်း သမ္မတရှီ သွားရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်သမ္မတ အာဖရိကနိုင်ငံများ ခရီး