Yahoo အကောင့် သန်း ၁ ထောင် ဖောက်ထွင်းခံရ

အင်တာနက်မှာ ထိန်းသိမ်းထားတဲ့ အချက်လက်တွေကို ဖောက်ထွင်း ခိုးယူမှုဖြစ်ပွားရာမှာ ၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း Yahoo ကွန်ယက် အသုံးပြုတဲ့ အကောင့်ပိုင်ရှင် သန်းပေါင်း တထောင်ကျော်ထံက သတင်းအချက်လက်တွေ ဖောက်ထွင်း ခံခဲ့ရတယ်လို့ Yahoo ကုမ္ပဏီ က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

သီးသန့်ပြုလုပ်တဲ့ ဖောက်ထွင်းခိုးယူမှုကို Yahoo က စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်က အသုံးပြုသူ သန်းပေါင်း (၅၀၀) ထံကနေ အချက်လက်တွေ ပေါက်ကြားမှုကို ဖော်ထုတ်နိုင်ခဲ့တာပါ။

တရားမဝင် တတိယ အဖွဲ့အစည်း တခုကနေ ၂၀၁၃ ခုနှစ် အတွင်း Yahoo အသုံးပြုသူ အကောင့်ပိုင်ရှင် သန်းပေါင်း တထောင်ကျော်ရဲ့ အချက်အလက်တွေ ဖောက်ထွင်းခံရတယ်လို့ ယုံကြည်ရကြောင်း Yahoo ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ခိုးယူခံရတဲ့အထဲမှာ အကောင့် ပိုင်ရှင်တွေရဲ့ အမည်၊ အီးမေးလိပ်စာ၊ ဖုံးနံပါတ်၊ မွေးနေ့ နဲ့ လုံခြုံရေးဆိုင်ရာ မေးခွန်းတွေနဲ့ အဖြေတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ငွေပေးချေတဲ့ကဒ်တွေနဲ့ ဘဏ်အချက်လက်တွေကိုတော့ ထိခိုက်မှုမရှိဘူးလို့ ယုံကြည်ရကြောင်း ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

Yahoo အကောင့် သန်း ၁ ထောင် ဖောက်ထွင်းခံရ