ယူကရိန်းသမ္မတ အမေရိကန်လွှတ်တော်မှာမိန့်ခွန်းပြော 

ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေ လပေါင်းများစွာ  ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ Bakhmut မြို့မှာ လွှင့်ထူခဲ့ပြီး ယူကရိန်းစစ်သားတွေကိုယ်တိုင် လက်မှတ်ထိုးပေးလိုက်တဲ့ ယူကရိန်းအလံကိုလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi နဲ့ ဒုသမ္မတ ကာမလာဟဲရစ်စ် တို့ ကိုင်ဆောင်ထားစဉ်။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန်းရင်ဆိုင်နေရတဲ့စစ်ပွဲက ကမ္ဘာတဝန်းက မျိုးဆက်သစ်ကလေးငယ်တွေနဲ့ မြေးမြစ်တွေ ရှင်သန်နေထိုင်မယ့် အနာဂါတ်ကမ္ဘာကိုပုံဖော်ပေးမယ့် တိုက်ပွဲဖြစ်တယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုကိုရောက်ရှိလာတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှောက်မှာ မိန့်ခွန်းပြောကြားစဉ် ခုလို ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေနဲ့ ဘဏ္ဍာငွေကြေးအရ ထောက်ပံ့ပေးနေတာတွေကို ပရဟိတအလှူသဘောနဲ့မမြင်ကြဖို့နဲ့ ကမ္ဘာကြီးရဲ့လုံခြုံရေးနဲ့ ဒီမိုကရေစီအတွက် အရင်းအနှီးဖြစ်တယ်လို့မှတ်ယူထားပြီး တာဝန်ရှိရှိအသုံးချသွားမယ်လို့ သမ္မတ Zelenskyy က ပြောကြားခဲ့ပါတယ်။ ယူကရိန်း ပြည်သူတွေအနေနဲ့ ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်းပြီး လက်နက်ချအညံ့ခံမှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေ လပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ Bakhmut မြို့မှာ လွှင့်ထူခဲ့ပြီး ယူကရိန်းစစ်သားတွေကိုယ်တိုင် လက်မှတ်ထိုးပေးလိုက်တဲ့ ယူကရိန်းအလံကိုလည်း အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကို သမ္မတ Zelenskyy က သူ့မိန့်ခွန်းအပြီးမှာ တပ်ဖွဲ့ဝင်တွေကိုယ်စား ပေးအပ်ခဲ့ပါတယ်။

Nancy Pelosi ကလည်း ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦးမှာလွှင့်ထူခဲ့တဲ့ အမေရိကန်အလံကို အမှတ်တရအဖြစ်နဲ့ ယူကရိန်းသမ္မတကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်း စလယ်ဆုံး တလျှောက်လုံးမှာ ယူကရိန်းနိုင်ငံအတွက် အမေရိကန်ပြည်သူတွေက ကူညီပေးတဲ့အပေါ် ကျေးဇူးတင်ကြောင်း သမ္မတ Zelenskyy က အကြိမ်ကြိမ်ပြောကြားခဲ့သလို သူ့မိန့်ခွန်းတလျှောက် လွှတ်တော်အမတ်တွေကလည်း အကြိမ်ကြိမ် မတ်တပ်ရပ်၊ လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းသမ္မတ အမေရိကန်လွှတ်တော်မှာမိန့်ခွန်းပြော .mp3

================

[[Unicode]]





