ကာလီဖိုးနီးယားပြည်နယ် မြို့တော်အနီး ရာသီဥတုဆိုးမှု သတိပေးချက် ထုတ်ပြန်ထား

California Storms

[[Zawgyi/Unicode]]

အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသဘက်မှာ မုန်တိုင်းပြင်းထန်ပြီး ရာသီဥတုဆိုးရွားမှု နောက်ဆက်တွဲဘေးအန္တရာယ်တွေကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ဇန်နရီလ (၁)ရက် မနေ့က သက်ဆိုင်ရာကနေ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကြီးမားတဲ့မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာ၊ ဒါမှမဟုတ် ဆီးနှင်းတွေ ထူထပ်စွာကျဆင်းခဲ့ပြီး တံတားတွေကျိုးပဲ့ပျက်စီး၊ ယာဉ်ကြောတွေပိတ်ဆို့ခဲ့သလို အဝေးပြေးလမ်းမကြီးတွေလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ပြည်နယ်မြို့တော် Sacramento ရဲ့ တောင်ဘက်မှာ မြစ်ရေလျှံပြီး နံပါတ် ၉၉ အဝေးပြေးလမ်းမကြီးတလျှောက် ကားဒါဇင်ပေါင်းများစွာ ရေနစ်မြုပ်ခဲ့ပါတယ်။ မြစ်ရေမြင့်တက်ပြီး ရေလျှံမှုကြောင့် ကားလမ်းမတွေမပိတ်ခင် ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အနိမ့်ပိုင်းဒေသတဝိုက်နေထိုင်သူတွေကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Sierra မြို့ဘက်မှာတော့ မုန်တိုင်းကြောင့် ဆီးနှင်းတွေကျဆင်းခဲ့ရာမှာ လေးပေအထိရှိခဲ့ပါတယ်။ ဒါဟာ တပတ်အတွင်း ကာလီဖိုးနီးယားပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်မယ့် မုန်တိုင်းအများအပြားထဲက ပထမဆုံးလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကာလီဖိုးနီးယားပြည်နယ် မြို့တော်အနီး ရာသီဥတုဆိုးမှု သတိပေးချက် ထုတ်ပြန်ထား.mp3

=========================

[[Unicode]]




